ဇနီးဖြစ်သူအား ဓားဖြင့်လိုက်ခုတ်သည့် ဦးလေးကို ရဲဒင်းဖြင့် ထုသတ်မှုဖြစ်ပွား


နေပြည်တော်၊ နိုဝင်ဘာ ၆

မကွေးမြို့နယ်၊ စမ်းမကြီးရွာတွင် နိုဝင်ဘာလ ၅ ရက်နေ့ က ဇနီးဖြစ်သူအား ဓားဖြင့်လိုက်ခုတ်သည့် ဦးလေးကို တူဖြစ်သူက ရဲဒင်းဖြင့်ထုသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ 

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့နယ်၊ စမ်းမကြီးရွာနေ လှဝေ(၄၉)နှစ်သည် ယာခင်းမှ နေအိမ်သို့ပြန်လာစဉ်  နေအိမ်၌အတူနေ ဦးလေးတော်စပ်သူ ဦးအောင်သန်း(၆၄)နှစ်သည် အိုး၊ ခွက်၊ ပန်းကန်များအား လွှင့်ပစ်ခြင်း၊ ရိုက်ခွဲ ခြင်းများ ပြုလုပ်ကာ လှဝေ၏ဇနီးဖြစ်သူ မပူစူးအား ဓားဖြင့် လိုက်ခုတ်နေသည်ကို တွေ့ ရပါသည်။

လှဝေ မှ ထို့သို့မပြုလုပ်ရန် တားမြစ်ပြောဆိုရာ ပြောဆိုမရသဖြင့် သစ်သားရိုးတပ်ရဲဒင်းဖြင့် ဦးအောင်သန်း၏ ဦးခေါင်းအား(၃)ချက်ခန့် ထုရာ ဒဏ်ရာ များရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 လှဝေအား မိကျောင်းရဲနယ်မြေရဲစခန်း (ပ)၇၉/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရသိပါသည်။

by သစ်ထူးလွင်

ဇနီးဖြစ်သူအား ဓားဖြင့်လိုက်ခုတ်သည့် ဦးလေးကို ရဲဒင်းဖြင့် ထုသတ်မှုဖြစ်ပွား ဇနီးဖြစ်သူအား ဓားဖြင့်လိုက်ခုတ်သည့် ဦးလေးကို ရဲဒင်းဖြင့် ထုသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:52 Rating: 5
Powered by Blogger.