ကျိုင်းလပ်မြို့ရှိ နမ့်ဝမ်း-၂ တံတား ရေကျော်၍ လမ်းပျက်စီးမှုဖြစ်


တာချီလိတ် နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျ ရေများ၍ နိုဝင်ဘာ ၁၀ ရက်နေ့၊ နံနက် ၆ နာရီခန့်က တာလေ - ကျိုင်းလပ်လမ်းရှိ နမ့်ဝမ်း(၂)တံတား ရေကျော် မှုဖြစ်ပွားကာ လမ်းများ ပျက်စီးမှုဖြစ်ကြောင်း သိရသည်။


မိုးအဆက်မပြတ် ရွာသွန်းမှုများနှင့်အတူ တောင်ကျရေများကြောင့် မျောပါလာသည့် သစ်လုံးများသည် နမ့်ဝမ်း တံတားကို ကျော်၍ မျောပါသွားခြင်းမရှိဘဲ၊ တံတားအောက်တွင် ခံနေခြင်းဖြစ်ကာ တံတားဘေးရှိ မြေသားများ အား တိုက်စားမှုဖြစ်ပေါ်ခဲ့သည်။ တာလေ - ပါလျှိုး - ကျိုင်းလပ် လမ်း 41KM နှင့် 42KM အကြား ကတ္တရာလမ်း ပေါ်သို့ရေမှာ (၅)ပေခန့်ကျော်လာပြီး နမ့်ဝမ်း - ၂ တံတား အ၀င်အထွက် နေရာ တွင်လည်း အလားတူ ဖြစ်ပေါ်ခဲ့သည့် အပြင် 52KM နှင့် 53KM အကြားတွင်လည်း ကတ္တရာလမ်းပေါ် (၁)ပေခန့် ရေကျော်ခဲ့ကြောင်း သိရသည်။


အဆိုပါ ရေကြီးရေလျှံမှု ဖြစ်ပွားရာသို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ခရိုင် အုပ်ချုပ် ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ခရိုင်နှင့်မြို့နယ် လမ်းဦးစီးဌာနမှ တာဝန် ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီ၊ မီးသတ် တပ်ဖွဲ့ဝင်များက လိုအပ်သည်များ သွားရောက် ဆောင်ရွက် ပေးလျက်ရှိ ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ကျိုင်းလပ်မြို့ရှိ နမ့်ဝမ်း-၂ တံတား ရေကျော်၍ လမ်းပျက်စီးမှုဖြစ် ကျိုင်းလပ်မြို့ရှိ နမ့်ဝမ်း-၂ တံတား ရေကျော်၍ လမ်းပျက်စီးမှုဖြစ် Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.