မောင်တောမြို့နယ် နူရူလ္လာရဲကင်းစခန်းအား လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး၊ တစ်ဦး ဒဏ်ရာရ


မောင်တော၊ နိုဝင်ဘာ ၃

မောင်တောမြို့နယ်နူရုလ္လာ ရဲကင်းစခန်း၌ ယနေ့ညနေ ၅း၄၅ မိနစ်တွင် အမည်မသိ ဘင်္ဂါလီငါးဦးမှ ဆိုင်ကယ်နှစ်စီးဖြင့် စခန်းရှေ့တွင် ရပ်ကာ သေနတ်တိုဖြင့် ၁၀ချက်၁၅ ချက်နီးပါးပစ်ခတ်၍ ရဲဒုတပ်ကြပ် မင်းမင်းစိုး မှာ ယာဘက် နံဘေးတွင် သေနတ် ဒဏ်ရာ ၂ ချက် ယာဘက်လက်တွင်၁ချက်ယာဘက်လက်ဖျန်ရိုး ၂ ချက် ဝဲနံဘေးတွင် ၁ ချက် သေနတ်ဒဏ်ရာရရှိ ကျဆုံးခဲ့သည်။


ရဲတပ်ကြပ် မျိုးဇော်ကို မှာ ဝဲဘက်နံဘေးပေါက်ထွက်ဝမ်းဗိုက်ထိမှန်ပြီး ညာဘက်ပေါက်ထွက်ဒဏ်ရာရရှိပြီး မောင်တောမြို့ပြည်သူ့ဆေးရုံးကြီးသို့ ည ၉ နာရီ ၂၀ မိနစ်တွင် အရေးပေါ်ခွဲစိတ် ကုသမူ ခံယူနေကြောင်း သိရှိရသည်။

ကျော်ထူး (မောင်တောခရိုင် ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မောင်တောမြို့နယ် နူရူလ္လာရဲကင်းစခန်းအား လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး၊ တစ်ဦး ဒဏ်ရာရ မောင်တောမြို့နယ် နူရူလ္လာရဲကင်းစခန်းအား လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး၊ တစ်ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 05:00 Rating: 5
Powered by Blogger.