ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ကုန်တင် အမြန်ရေယာဉ်တစ်စီး နစ်မြုပ်မှု ဖြစ်ပွား


ဟုမ္မလင်း နိုဝင်ဘာ ၁၀
10.11.16 ရက်နေ့ ၀၉း၄၅ အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မုက္ကလိကျေးရွာအုပ်စု ငေါက်စားကျေးရွာ အနီး ချင်းတွင်းမြစ်နှင့်ဥရုမြစ် ဆုံရာတွင် လင်းလင်းအောင် အမည်ရှိ မုံရွာ-ဆည်ဇင်းအဆန် ကုန်တင်အမြန်ရေယာဉ်တစ်စီး နစ်မြုတ်မှုဖြစ်ပွားကြောင်း သတင်းရရှိပါသည်။


 အဆိုပါ သတင်းအရ ဟုမ္မလင်း မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် သန္ဓေ ၁၀ဦးအရန် ၃၀ဦး တို့ဖြင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ စက်လှေပေါ်တွင် အဓိကကုန် အဖြစ် ဆီပေပါ အလုံး(၃ဝဝ)၊ သံပိုက်ခွန် (၅ဝ)၊ ဆန်အိတ် (၁၂ဝ) အိတ်နှင့် အခြားကုန်မျိုးစုံ တို့ပါရှိပြီး လူလိုက်ပါ စီးနင်းသူ မရှိဘဲ စက်လှေမောင်း နှင့် စက်လှေ လုပ်သားများသာ ပါရှိပြီး လူအသေအပျော်က မရှိကြောင်း ကနဦးသတင်းများ အရသိရှိရပါသည်။

Ref; စစ်ကိုင်းတိုင်းဒေသကြီး (ပြန်/ဆက်)
Ref; Myanmar Fire Services Department
ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ကုန်တင် အမြန်ရေယာဉ်တစ်စီး နစ်မြုပ်မှု ဖြစ်ပွား  ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ကုန်တင် အမြန်ရေယာဉ်တစ်စီး နစ်မြုပ်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 17:33 Rating: 5
Powered by Blogger.