ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတွင် မီးပုံးပျံမီးလောင်ပျက်ကျ ၁၁ ဦး ဒဏ်ရာရ


ပြင်ဦးလွင် နိုဝင်ဘာ ၁၄

ပြင်ဦးလွင်မြို့နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂ဝ၁၆ ခုနှစ်၊ ၁၂ ကြိမ်မြောက် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်တွင် ယနေ့ည ၈း၄၅ နာရီခန့်က နယ်မြေ(၁)၊ ထုံးဘိုမှ ပျော်ကြမယ်ဟေ့ ညမီးကျည်မီးပုံးပျံကို လွှတ်တင်ခဲ့ရာ ယမ်းစင်ပြုတ် ကျသဖြင့် ပွဲတော်လာပြည်သူ ကျား (၃) ဦး၊ မ ( ၈) ဦး၊ စုစုပေါင်း(၁၁) ဦး ထိခိုက် ဒဏ်ရာရ ရှိခဲ့သောကြောင့် ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံ ယူလျက်ရှိကြောင်း ထပ်မံသိရှိရသည်။

( ပြင်ဦးလွင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတွင် မီးပုံးပျံမီးလောင်ပျက်ကျ ၁၁ ဦး ဒဏ်ရာရ ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတွင် မီးပုံးပျံမီးလောင်ပျက်ကျ ၁၁ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 03:48 Rating: 5
Powered by Blogger.