မြိတ်မြို့ ပုဇွန်ဖွဲ/ကြက်စာအိတ်ပုံ သိုလှောင်ရုံတွင် မီးလောင်မှုဖြစ်ပွား


မြိတ် နိုဝင်ဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ဖျားရပ် ဗိုလ်ဗထူးလမ်းသွယ်(၁)လမ်းတွင် နိုဝင်ဘာလ(၁၆)ရက် ညနေ(၇)နာရီခန့်က ဦးဟုတ်ရှိန်ပိုင်ဆိုင်သော အလျား(၁၅)ပေ၊ အနံ(၁၀)ပေ၊ ဓနိမိုး၊ ၀ါးထရံကာ သိုလှောင်ရုံတွင် အမြှင့်(၁၃)ပေခန့် ပုံ၍သိုလှောင်ထားသော ပုဇွန်ဖွဲ/ကြက်စာအိတ်ပုံတွင် အောင်းအပူလွန်ကဲရာမှ မီးလောင်မှု ဖြစ် ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။


မီးလောင်ရာသို့ မြို့နယ်မီးသတ်စခန်းနှင့် အရန်မီးသတ်စခန်းများမှ မီးငြိမ်းသတ်ယာဉ်နှင့် ရေသယ်ယာဉ် စုစု ပေါင်း(၉)စီးဖြင့် မြိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းနှင့် သန္ဓေ+အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများဖြင့် စုပေါင်းငြိမ်းသတ်ခဲ့ကြရာ (၇း၁၀)နာရီတွင် မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုစတင်ဖြစ်ပွားချိန်တွင် မီးသတ်ဆေးဗူးဖြင့် ကနဦး မီးငြိမ်းသတ်ထားခြင်းမရှိကြောင်း၊ မီးလောင်မှုကြောင့် ပုဇွန်ဖွဲထည့်ထားသော ပီနံအိတ် (၁၅)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာန စစ်ဆေးချက်အရ သိရသည်။


အဆိုပါ မီးလောင်မှုတွင် တာဝန်ရှိသူ ဦးဟုတ်ရှိန်အား မြိတ်မြို့မရဲတပ်ဖွဲ့စခန်းမှ ပ(၂၀၃၃/၂၀၁၆)၊ ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြိတ် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မြိတ်မြို့ ပုဇွန်ဖွဲ/ကြက်စာအိတ်ပုံ သိုလှောင်ရုံတွင် မီးလောင်မှုဖြစ်ပွား မြိတ်မြို့ ပုဇွန်ဖွဲ/ကြက်စာအိတ်ပုံ သိုလှောင်ရုံတွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 00:41 Rating: 5
Powered by Blogger.