လော့စ်အိန်ဂျလိစ် ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ဒေါ်နယ်ထရမ့်၏ မဲဆွယ်ကတိစကားဖြစ်သော တရားမဝင် ရွှေ့ ပြောင်းနေထိုင်သူ သန်းပေါင်းများစွာအား ၄င်းရာထူးဆက်ခံမည့် လာမည့်နှစ်တွင် ပြည်နှင်ဒဏ်ပေးမည်ဆိုသည့် ကိစ္စအပေါ် လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့ ဝင်များက အကူအညီပေးသွားမည်မဟုတ်ကြောင်း နိုဝင်ဘာလ ၁၅ ရက်က ထုတ်ဖော်ကြေညာလိုက်သည်။
လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့ (LAPD) အနေဖြင့် ကာလရှည်လုပ်ဆောင်ခဲ့သော လူဝင်မှုကြီးကြပ်ရေးအစီအစဉ်ကို အပြောင်းအလဲပြုလုပ်ရန် မရှိကြောင်း လော့စ်အိန်ဂျလိစ်ရဲချုပ် Charlie Beck ၏ပြောဆိုချက်ကို ကိုးကား၍ Los Angeles Times သတင်းစာက နိုဝင်ဘာလ ၁၄ ရက်တွင် ရေးသားဖော်ပြခဲ့သည်။
လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့ ( LAPD) သည် ၁၉၇၉ ခုနှစ်တွင် အထူးအမိန့် တစ်ရပ်ကို လက်မှတ်ရေးထိုးထားပြီး ၄င်းအမိန့် တွင် တရားမဝင်ရွှေ့ ပြောင်းအခြေချသူများကို ရှာဖွေဖော်ထုတ်ခြင်း နှင့် နယ်နှင်ဒဏ်ပေးခြင်း ပြုလုပ်မည် မဟုတ်ကြောင်း ပါရှိသည်။
China Xinhua News