မြိတ်မြို့ မှာ အကြမ်းဖက်​ လုယက်​မှု ဖြစ်ပွား
တနင်္သာရီတိုင်း ဒေသကြီး မြိတ်​မြို့ ကန်​ဖျားရပ်​​ ​ရွှေ​တောင်​ကြားလမ်း​နေ ​မောင်​​နေထက်​လင်းအား 17-11-2016 ရက်​​နေ့ ​နေ့လယ်​၁၂း၃၀အချိန်​ ခန့်​တွင်​ ဘုရားငါးဆူဘုန်​​တော်​ကြီး​ကျောင်း​ရှေ့မှ အမည်​မသိသူခရီးသွားတစ်​​ယောက်​မှ တက္ကစီငှါးစီးပြီး စန္ဒဝတ်​​ကျေးရွာအုပ်​စု မရင်းငယ်​ဖျား​ကျေးရွာ အ​ရောက် ​လူသူပြတ်​သည့်နေရာတွင်​ ​နေထက်​လင်း အား ဓားဖြင့် လည်​ပင်​အား လှီးဖြတ်​ရာတွင်​ ​​ရှောင်​ဖယ်​လှုပ်​ရှားလိုက်​သဖြင့် မျက်​နှာပြတ်​ရှဒါဏ်​ရာနှင့် ဒုတိယအကြိမ်​ထပ်​မံလှီးဖြတ်​ရာတွင်​ လည်​ပင်းပြတ်​ရှဒဏ်ရာရရှိပြီး​ နေထက်​လင်းအား ဆိုင်​ကယ်​​ပေါ်မှ တွန်းချခဲ့၍ Click i125အဖြူ​ရောင်​ 2016 ​date အား လုယက်​​မောင်းနှင်းထွက်​​ပြေးသွားခဲ့ပါသည်​။
အခင်းဖြစ်​ပွားသည့်ကိစ္စအား သတင်း ရရခြင်း ရဲတပ်​ဖွဲ့နှင့်အုပ်​ချုပ်​​ရေး အဖွဲ့များက ပူ​ပေါင်းပြီး လမ်း​ကြောင်း များ ပိတ်​ဆို့ရှာ​ဖွေရာတွင်​ သာရမဲရွာ၌ ဆိုင်​ကယ် လုယက်​သူက ဆိုင်​ကယ်​အား ထားရှိပြီး သာရမဲရွာရှိ ဥယျာဉ်​အတွင်း ထွက်​​ပြေး လွတ်​​မြောက်​ သွားခဲ့သဖြင့် ရဲတပ်​ဖွဲ့များက လိုက်​လံဖမ်းဆီး​နေ​ကြောင်း သတင်းရရှိပါသည်​။
တိုက်​ခိုက်​ လုယက်​ခံရသူ​ နေထက်​လင်းမှာ စိုးရိမ်​ရအ​ခြေ​နေရှိပါသည်​။
YoYo lay
Powered by Blogger.