အမည်မသိ ပုတ်ပွနေသည့် အမျိုးသားရုပ်အလောင်းအား မုံရွာ အမျိုးသမီးဆေးရုံကြီး အနီးဝန်းကျင်မှ တွေ့


မုံရွာ၊ နိုဝင်ဘာ ၂၆

အသက်(၃၅)နှစ်ခန့်အရွယ် အမည်မသိ ပုတ်ပွနေသည့် အမျိုးသား ရုပ်အလောင်း တစ်ခုလောင်းအား နိုဝင်ဘာ ၂၆ ရက် မွန်းတည့် ၁၂ နာရီအချိန်က မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်၊ အမျိုးသမီးဆေးရုံကြီး ၏ အနောက်ဘက် အနီးဝန်းကျင် တနေရာမှ တွေရှိရကြောင်း မုံရွာမြိဲု့မ ရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့်မှ ဆိုသည်။


ပုတ်ပွနေသည့် ရုပ်အလောင်းမှာ လျှပ်စစ်ဓာတ်အား သွယ်တန်းထားသည့် ကြေးနန်းကြိုးများအား ဖြတ်တောက်ခိုးယူစဉ် လျှပ်စစ်ဓာတ်လိုက်ပြီးနောက် မီးလောင်၍ သေဆုံးသွားခြင်း ဖြစ်နိုင်ကြောင်း ဒုရဲမှူး သိန်းဆွေမြင့်က မှတ်ချက်ပြု ခန့်မှန်းထားသည်။


အဆိုပါ လူသေရုပ်အလောင်းတွေ့ရှိရသည့်နေရာမှ လျှပ်စစ်ဓာတ်အား သွယ်တန်းရာတွင် အသုံးပြုသော ကြေနန်းကြိုး အပိုင်းအစများနှင့် ကြေးနန်းဖြတ်တောက်ရာတွင် အသုံးပြုသည့် ကာတာ အသေးတစ်လက်အား ရဲအဖွဲ့က တွေ့ရသည်ဟုဆိုသည်။


ထို့ကြောင့် အဆိုပါ လူသေဆုံးမှုအား မှုခင်းဆေးပညာများအရ စစ်ဆေးဆောင်ရွက်နိုင်ရန် မုံရွာမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်(၃၈/ ၂၀၁၆ )အရ အမှုရေးဖွင့်၍ ရုပ်အလောင်းအား မုံရွာပြည်သူ့ဆေးရုံကြီး ရင်ခွဲစစ်ဆေးရေး အဆောင်သို့ ပို့ဆောင်ထားသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
အမည်မသိ ပုတ်ပွနေသည့် အမျိုးသားရုပ်အလောင်းအား မုံရွာ အမျိုးသမီးဆေးရုံကြီး အနီးဝန်းကျင်မှ တွေ့ အမည်မသိ ပုတ်ပွနေသည့် အမျိုးသားရုပ်အလောင်းအား မုံရွာ အမျိုးသမီးဆေးရုံကြီး အနီးဝန်းကျင်မှ တွေ့ Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.