နွားနို့လာညှစ်သူက ကျောက်ခဲနှင့် ဦးခေါင်းအားထုပြီး ရွှေဆွဲကြိုးလုယူမှု


မန္တလေး၊ နိုဝင်ဘာ ၉

၇-၁၁-၂၀၁၆ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် မြစ်သားမြို့နယ်၊ မြနဒီသရက်ခြံနေ ငြိမ်းချမ်း ၃၆ နှစ်၊ သည် သရက်ခြံသို့ ပြန်လည် ရောက်ရှိစဉ် ဇနီးဖြစ်သူ မလင်းလင်းနိုင် ၃၅ နှစ်၊ အား သရက်ခြံ ရေမော်တာအနီး၌ ဦးခေါင်းပေါက်ပြဲဒဏ်ရာများဖြင့် သတိလစ်နေသည်ကိုတွေ့ရှိရသည်။

ခင်ပွန်းဖြစ်သူ ကိုငြိမ်းချမ်မှ မိုင်းမောတိုက်နယ် ဆေးရုံမှတစ်ဆင့် ကျောက်ဆည် ဆေးရုံသို့တင်ပို့ကုသပြီး မလင်းလင်းနိုင် အားမေးမြန်းရာ နေ့လည် ၂ နာရီချိန်ခန့် နွားနို့လာညှစ်သူ လင်းခိုင် ၄၀ နှစ်၊ ရေအေးဆိပ်ကျေးရွာ၊ မြစ်သားမြို့နယ်နေသူက ကျောက်ခဲနှင့် ဦးခေါင်းအားထုပြီး အလေးချိန်(၁) ကျပ်သားခန့် ရွှေဆွဲကြိုး ၁ ကုံး(တန်ဖိုး ၈ သိန်းကျပ်ခန့်)အား ယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။

 လင်းခိုင် အား ရွာခိုင်ကြီးရဲကင်းစခန်းမှ (ပ)၁၉၃/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ အရအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Mandalay Police

နွားနို့လာညှစ်သူက ကျောက်ခဲနှင့် ဦးခေါင်းအားထုပြီး ရွှေဆွဲကြိုးလုယူမှု  နွားနို့လာညှစ်သူက ကျောက်ခဲနှင့် ဦးခေါင်းအားထုပြီး ရွှေဆွဲကြိုးလုယူမှု Reviewed by THITHTOOLWIN on 22:37 Rating: 5
Powered by Blogger.