ချောင်းဦးမြို့နယ်မှာ ယာဉ်တိုက်မှုဖြစ် ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

ရှေ့မှ ဆိုင်ကယ်အား အရှိန်မထိန်းနိုင်သည့်ယာဉ်မှ ဝင်ရောက်တိုက်မိသဖြင့် ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ
နေပြည်တော်၊ နိုဝင်ဘာ ၂၄

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၉ နာရီ ၅ မိနစ်အချိန် စစ်ကိုင်းတိုင်ဒေသကြီး ၊ ချောင်းဦးမြို့နယ် ၊ မန္တလေး-မုံရွာသွားကားလမ်း မိုင်တိုင်အမှတ်(၇၀/၅-၆)ကြား ၊ ခင်မွန်ကျေးရွာ အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည် ။

အဆိုပါ သတင်းအရ ချောင်းဦးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အနောက်မှ အရှေ့သို့ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ကျေးရွာနေ ဦးဌေးလွင်(၅၇)နှစ်မောင်းနှင်လာသော 1H/×××× TOYOTA CROWN အဖြူရောင်ယာဉ်သည် အရှေ့မှ မုံရွာမြို့နယ် ၊ မုံရွေးရွာနေ သန့်ဇင်(၁၉)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ ဒေါ်နွယ်(၄၂)နှစ်နှင့် ဦးမောင်သန်း(၆၈)နှစ်တို့(၂)ဦးလိုက်ပါလာသော ၃၇ယ/×××× ဂျာလင်းစူပါကပ် အစိမ်းရောင်ဆိုင်ကယ်အား အရှိန်အထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ရာ ဒေါ်နွယ်တွင် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် သန့်ဇင် ၊ ဦးဌေးလွင် ၊ ဦးမောင်သန်းတို့(၃)ဦးတွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ယာဉ်မောင်း ဌေးလွင် အား ချောင်းဦးမြို့မရဲစခန်း ယာဉ်(ပ)၄၃/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ချောင်းဦးမြို့နယ်မှာ ယာဉ်တိုက်မှုဖြစ် ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ  ချောင်းဦးမြို့နယ်မှာ ယာဉ်တိုက်မှုဖြစ် ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 02:57 Rating: 5
Powered by Blogger.