ဘိုဂိုတာ၊ နိုဝင်ဘာ ၂၈ရက် (ဆင်ဟွာ)
ဘရားဇီ ဘောလုံးကလပ်အသင်းတစ်ခုမှ ကစားသမားများအပါအဝင် ၈၁ဦးတင်ဆောင်လာသော လေယာဉ်တစ်စီးသည် ကိုလံဘီယာနိုင်ငံ ၌ ပျက်ကျခဲ့ရာ လူပေါင်း ၇၆ဦးသေဆုံးပြီး ငါးဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း ကိုလံဘီယာ ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၉ရက်တွင်ပြောကြားခဲ့သည်။
အဆိုပါလေယာဉ်သည် ကိုလံဘီယာလေပိုင်နက်မှ ပျောက်ကွယ်သွားပြီးနောက် ပျက်ကျခဲ့ခြင်းဖြစ်ပြီး ခရီးသည် ၇၂ဦးနှင့် လေယာဉ်ဝန်ထမ်း ၉ဦးလိုက်ပါလာကြောင်း သိရသည်။
လေယာဉ်ပျက်ကျမှုအတွင်း ဘရာဇီးဘောလုံးအသင်းမှ ကစားသမား သုံးယောက်အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း ဘရာဇီးသတင်းဋ္ဌာန၏ ပြောကြားချက်အရ သိရသည်။
လေယာဉ်သည် ဘရာဇီးဘောလုံးအသင်း နိုဝင်ဘာ ၃၀ရက်တွင် ဘောလုံးကစားမည်ဟု ယူဆရသော ကိုလံဘီယာနိုင်ငံ Medellin မြို့ သို့သွားရောက်စဉ် ၄င်းမြို့အပြင်ဘက် တောင်ထူထပ်သည့် ဧရိယာတွင် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လေဆိပ်အာဏာပိုင်များ၏ပြောကြားချက်အရ ရာသီဥတု ဆိုးရွားမှုကြောင့် လေယာဉ်ပျက်ကျသည့် နေရာသို့သွားရောက်ရန် အခက်အခဲများရှိကြောင်း သိရသည်။
လေယာဉ်ပျက်ကျခြင်းအကြောင်းရင်းကို မသိရှိရသေးကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
ဘရားဇီ ဘောလုံး အသင်းလိုက်ပါလာသည့် လေယာဉ်ပျက်ကျမှု ၇၆ဦး သေဆုံး
Reviewed by THITHTOOLWIN
on
17:57
Rating:
