အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်သည်ဟု မသင်္ကာသူ (၁၁) ဦး ထပ်မံ ဖမ်းဆီးရမိ


နိုဝင်ဘာ ၂၈၊ ၂၀၁၆

အောက်တိုဘာ ၉ ရက် အကြမ်းဖက် တိုက်ခိုက်မှုနှင့် နောက်ဆက်တွဲတိုက်ခိုက်မှုများတွင် ပါဝင်သည်ဟု မသင်္ကာသူ (၁၁) ဦး ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေ ရှင်းလင်းရေးဆောင်ရွက်စဉ် အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု ယူဆရသည့် မျောချောင်း ကျေးရွာမှ ၁ ဦးအား နိုဝင်ဘာ ၂၆ ရက် မွန်းတည့် ၁၂ နာရီတွင်လည်းကောင်း၊ ၀ါးပိတ် ကျေးရွာမှ ၂ ဦး၊ မျောတောင်ရွာမှ ၁ ဦး၊ ရွက်ညိုတောင်ရွာမှ ၁ ဦး နှင့် ဗောဓိပြင်ရွာမှ ၁ ဦးတို့အား နိုဝင်ဘာ ၂၇ ရက် နံနက် ၈ နာရီတွင် လည်းကောင်း၊ ဇင်ပိုင်ညာကျေးရွာမှ ၁ ဦးနှင့် သူဦးလာကျေးရွာမှ ၁ ဦး အား နိုဝင်ဘာ ၂၇ ရက် နံနက် ၈ နာရီခွဲတွင် လည်းကောင်း၊ ရွှေဇားအလယ်ကျေးရွာမှ ၁ ဦးအား နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲတွင် လည်းကောင်း၊ မဲတီကျေးရွာ ၂ ဦးအား နိုဝင်ဘာ ၂၇ ရက် ညနေ ၄ နာရီခွဲတွင် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ထားကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/SCOInfoC/


အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်သည်ဟု မသင်္ကာသူ (၁၁) ဦး ထပ်မံ ဖမ်းဆီးရမိ အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်သည်ဟု မသင်္ကာသူ (၁၁) ဦး ထပ်မံ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 15:57 Rating: 5
Powered by Blogger.