ကမ်းဝေး ငါးဖမ်း စက်လှေတစ်စီး ကျောက်ချရပ်နားစဉ် ရေစီးကြမ်း၍ နစ်မြုပ် လူ(၃)ဦး ပျောက်ဆုံး


ဟိုင်းကြီးကျွန်း၊ နိုဝင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃)ရပ်ကွက်၊ နယ်မြေ(၁၁)နေ စက်လှေပိုင်ရှင် ဦးတင်ဝင်း၏ ငါးဖမ်းစက်လှေ အောင်သန်းကျော် သည် ပင်လယ် ပြင်ဒေသအခေါ် မီးပြကြီး၏ အရှေ့တောင်ဘက် (၁၃)မိုင်ခန့်အကွာတွင် ကျောက်ချ ထားစဉ် ရေစီးကြမ်းသောကြောင့် တိမ်းမှောက်သွားကြောင်းသိရှိရသည်။

အဆိုပါစက်လှေတွင် ခေါင်းဆောင် ဦးမောင်မောင် အပါအဝင် စက်လှေသား (၁၃) ဦးပါရှိပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့ည ၁၁ နာရီခန့်အချိန်တွင် နစ်မြုပ် သွားခဲ့သဖြင့် ခေါင်းဆောင် ဦးမောင်မောင်နှင့် စုစုပေါင် (၇)ဦး ကမ်းသို့ ပြန်ရောက်ရှိခဲ့သည်။ လူ(၃)ဦးကို ငါးဖမ်းစက်လှေတစ်စင်းမှ အသက်ရှင်လျက် ဆယ်ယူ ရရှိ ကြောင်းနှင့် ကျန်(၃)ဦးမှာ ရှာဖွေနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

အောင်မင်း (ဟိုင်းကြီးကျွန်း ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကမ်းဝေး ငါးဖမ်း စက်လှေတစ်စီး ကျောက်ချရပ်နားစဉ် ရေစီးကြမ်း၍ နစ်မြုပ် လူ(၃)ဦး ပျောက်ဆုံး ကမ်းဝေး ငါးဖမ်း စက်လှေတစ်စီး ကျောက်ချရပ်နားစဉ် ရေစီးကြမ်း၍ နစ်မြုပ် လူ(၃)ဦး ပျောက်ဆုံး Reviewed by THITHTOOLWIN on 09:46 Rating: 5
Powered by Blogger.