လူ့အခွင့်အရေးကို အကြောင်းပြပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်းမပြုရန် သူရဦးရွှေမန်း သတိပေး

(ပုံစာ- မောင်တောနယ်စပ်တွင် လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးအားတွ့ရစဉ်) ဓာတ်ပုံ-AFP
လူ့အခွင့်အရေးကိုအကြောင်းပြပြီး နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်းမပြုရန် သူရဦးရွှေမန်းက အောက်တိုဘာ ၃၁ ရက်နေ့က ၎င်း၏ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

သူရဦးရွှေမန်းက လူ့အခွင့်အရေးနှင့်ပတ်သက်၍ ကမ္ဘာတ၀န်းလုံးမှာပြောစရာတွေ၊ အငြင်းပွားမှုတွေ ရှိနေကြောင်း၊ နိုင်ငံအတွက် ပိုအရေးကြီးသည်မှာ နိုင်ငံ၏အချုပ်အခြာအာဏာနှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကိစ္စရပ်များဖြစ်ကြောင်း၊ လူ့အခွင့်အရေးကို အကြောင်းပြပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးကို မစော်ကားကြရန်နှင့် မကျူးကျော်ကြရန်သတိပေးထားပြီး မြန်မာနိုင်ငံ၏ အနောက်ဘက် နယ်နိမိတ်အနီးတွင်ဖြစ်ပွားနေသော ပြဿနာသည် ရခိုင်အမျိုးသားများနှင့်သာမက မြန်မာတနိုင်ငံလုံးနှင့် သက်ဆိုင်ကြောင်း၊ တာဝန်ရှိသူများအားလုံးက တရားနည်းလမ်းတကျ သတ္တိရှိစွာဆောင်ရွက်ကြရန် ရေးသားထားသည်။

သူရဦးရွှေမန်း၏သတိပေးချက်သည် ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ ၂ ရက်နေ့တွင် သွားရောက်မည့်ခရီးစဉ်နှင့် တိုက်ဆိုင်လျက်ရှိသည်။

ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms Renata Dessalien အပါအ၀င် ၁၀ ဦးပါ နိုင်ငံတကာသံတမန်အဖွဲ့သည် (မနက်ဖြန်)နိုဝင်ဘာ ၂ တွင် ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
လူ့အခွင့်အရေးကို အကြောင်းပြပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်းမပြုရန် သူရဦးရွှေမန်း သတိပေး  လူ့အခွင့်အရေးကို အကြောင်းပြပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်းမပြုရန် သူရဦးရွှေမန်း သတိပေး Reviewed by THITHTOOLWIN on 18:39 Rating: 5
Powered by Blogger.