AIB သတင်းဆု ရွေးကောက်ပွဲတင်ဆက်မှုနဲ့ ဘီဘီစီမြန်မာပိုင်းရရှိ

 AIB သတင်းဆု ရွေးကောက်ပွဲတင်ဆက်မှုနဲ့ ဘီဘီစီမြန်မာပိုင်းရရှိ
ဒီနှစ်အတွက် AIB အပြည်ပြည်ဆိုင်ရာ ရုပ်သံလွှင့် အသင်းကြီး က ပေးတဲ့ ရေဒီယို သတင်းဆုမှာ ဘီဘီစီမြန်မာပိုင်း ဌာနက အကောင်းဆုံးဆု ရရှိခဲ့ပါတယ်။

၂ဝ၁၅ မြန်မာ ရွေးကောက်ပွဲ အထူး စီစဉ် တင်ဆက်မှုတွေနဲ့ ရရှိခဲ့တာပါ။

လန်ဒန်မြို့မှာ ကျင်းပတဲ့ ဒီအခမ်းအနားမှာ ရုပ်သံ သတင်းပညာ၊ ပြည်တွင်းနဲ့ ပြည်ပ ရေးရာ၊ သတင်းဖော်ထုတ်တင်ပြမှု၊ သိပ္ပံ ၊ ကလေး၊ အားကစား စတဲ့ တခြား သတင်းပညာဆုတွေလည်း ချီးမြှင့်ခဲ့ ပါတယ်။

ရေဒီယို သတင်းဆု အမျိုးအစားမှာ ဘီဘီစီမြန်မာပိုင်းရဲ့ ရွေးကောက်ပွဲ တင်ဆက်မှုက SBS သတင်းဌာနရဲ့ ဆီးရီးယားက ကာ့ဒ် လူမျိုး ဒုက္ခသည် တယောက်ရဲ့ ဂျာမနီ ခရီး၊ Radio Sawa ရဲ့ The Landmine Man၊ Radio Television Hong Kong ရဲ့ ဟောင်ကောင် ထီး လှုပ်ရှားမှု အကြောင်း Last Summer in the Sea of Umbrellas -When the Tear Gas Rains အစီအစဉ်တွေနဲ့အတူ ဆန်ကာတင် စာရင်းမှာ ယှဉ်ပြိုင် ရရှိခဲ့တာ ဖြစ်ပါတယ်။

အရင်ကလည်း ဘီဘီစီမြန်မာပိုင်း ဌာနက AIB အထူးဆု ၂ ကြိမ် ရရှိခဲ့ဖူးပါတယ်။

BBC Burmese
http://www.bbc.com/burmese
AIB သတင်းဆု ရွေးကောက်ပွဲတင်ဆက်မှုနဲ့ ဘီဘီစီမြန်မာပိုင်းရရှိ AIB သတင်းဆု ရွေးကောက်ပွဲတင်ဆက်မှုနဲ့ ဘီဘီစီမြန်မာပိုင်းရရှိ Reviewed by THITHTOOLWIN on 08:29 Rating: 5
Powered by Blogger.