တရုတ်က လေဆိပ်နှင့် ဘူတာရုံများတွင် X-ray ဖြင့် လူ့တစ်ကိုယ်လုံး စစ်ဆေးခြင်းအား တားမြစ်


ပေကျင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ဝန်ကြီးဋ္ဌာန (MEP) က ရောင်ခြည်သင့်နိုင်သည့် အန္တရာယ်ကြောင့် လေဆိပ်နှင့် ဘူတာရုံများ၌ လူ့တစ်ကိုယ်လုံး X-ray ဖြင့်စစ်ဆေးသည့် စက်များအား ဖယ်ရှားရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ဝန်ကြီးဋ္ဌာန (MEP) က စီချွမ်ပြည်နယ်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ဋ္ဌာန (DEPSP) သို့ အောက်တိုဘာ ၁၀ ရက်က အရေးကြီးစာတမ်းတစ်စောင် အားပေးပို့ခဲ့ပြီး အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

 အဆိုပါ စာတမ်း၌ MEP က DEPSPအား ဥပဒေပြဋ္ဌာန်းနိုင်ရေး အားကောင်းလာစေရန် နှင့် ပြည်သူများ၏ ဘေးကင်းလုံခြုံမှု ထောက်ခံချက်မပါရှိဘဲ ကိုယ်လုံးပြည့် X-ray စက်များ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ အသုံးပြုခြင်း မပြုလုပ်ရန် တိုက်တွန်းထားကြောင်း သိရသည်။

DEPSP သည် လေဆိပ်မှ ကိုယ်လုံးပြည့် X-rayစက်အား ဖယ်ရှားရန် အမိန့်ပေးခဲ့ပြီး ချန်ဒူးမြို့တွင်လည်း အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ စစ်ဆေးရန် ညွန်ကြားထားကြောင်း သိရသည်။

China Xinhua News
တရုတ်က လေဆိပ်နှင့် ဘူတာရုံများတွင် X-ray ဖြင့် လူ့တစ်ကိုယ်လုံး စစ်ဆေးခြင်းအား တားမြစ် တရုတ်က လေဆိပ်နှင့် ဘူတာရုံများတွင် X-ray ဖြင့် လူ့တစ်ကိုယ်လုံး စစ်ဆေးခြင်းအား တားမြစ် Reviewed by THITHTOOLWIN on 18:36 Rating: 5
Powered by Blogger.