မြန်မာအနေနဲ့ ဇီကာအတွက် ပြင်ဆင်ဖို့ WHO သတိပေး


မြန်မာအနေနဲ့ ​ဇီကာ ​ရောဂါကို ​သေခြာစောင့်ကြည့်ပြီး ​ကြိုတင်ပြင်ဆင်မှုတွေ ​လုပ်ဖို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ​WHO ​က ​တိုက်တွန်းလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ​ဇီကာ ​ရောဂါ ​ကူးစက်မှုတွေ ​ဖြစ်ပွားနေသလို ​မွေးကင်းစ ​ကလေးငယ်တွေမှာလည်း ​ဇီကာနဲ့ ​ဆက်စပ်တဲ့ ​micocephaly ​ရောဂါ ​ခံစားနေရတာကို ​တွေ့ရှိပြီးတဲ့နောက် ​ကမ္ဘာ့ကျန်းမာရေးက ​ပြောဆိုလာတာ ​ဖြစ်ပါတယ်။

ဒါ့အပြင် ​အမေရိကန် ​အစိုးရကလည်း ​မလိုအပ်ရင် ​မြန်မာအပါအဝင် ​အရှေ့တောင် ​အာရှ ​နိုင်ငံတွေကို ​မသွားဖို့ ​ကိုယ်ဝန်သည် ​အမျိုးသမီးတွေကို ​တိုက်တွန်းထားတယ်လို့ ​မြန်မာထိုင်းမ်စ် ​သတင်းမှာ ​ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ​ဇီကာ ​ရောဂါ ​ကူးစက်ခံရတာမျိုး ​တရားဝင် ​မရှိပေမယ့် ​အန္တာရာယ်ရှိတဲ့ ​ဒေသအဖြစ် ​သတ်မှတ်ခံနေရတာ ​ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေး ​အဖွဲ့ကလည်း ​ခြင်ကိုက်မခံရအောင် ​နေထိုင်ဖို့၊ ​ခြင်တွေ ​အောင်းနေမယ့် ​နေရာတွေကို ​ရှင်းလင်းဖို့အပြင် ​ကိုယ်ဝန်သည် ​အမျိုးသမီးတွေ ​အထူးသတိထားတဲ့အနေနဲ့ ​ခြင်မကိုက်အောင် ​ဆေးလိမ်းဖို့၊ ​လက်ရှည်အကျီင်္ဝတ်ဆင်ဖို့နဲ့ ​ခြင်ထောင်နဲ့ ​အိပ်ဖို့ ​တိုက်တွန်းမှုတွေ ​လုပ်ထားပါတယ်။

မြန်မာ ​ကျန်းမာရေး ​အာဏာပိုင်တွေကတော့ ​စင်္ကာပူနိုင်ငံမှာ ​ဇီကာ ​ရောဂါ ​ဖြစ်နေတဲ့ ​သတင်းရရှိပြီးတဲ့နောက် ​အရင်လကတည်းက ​ကြိုတင်ပြင်ဆင်မှုတွေ ​ပိုမို ​လုပ်ဆောင်လာတဲ့အကြောင်း ​မြန်မာထိုင်းမ်စ် ​သတင်းကို ​ပြောသွားခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မြန်မာအနေနဲ့ ဇီကာအတွက် ပြင်ဆင်ဖို့ WHO သတိပေး မြန်မာအနေနဲ့ ဇီကာအတွက် ပြင်ဆင်ဖို့ WHO သတိပေး Reviewed by THITHTOOLWIN on 14:47 Rating: 5
Powered by Blogger.