![]() |
( တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA မှ တပ်သားအချို့ကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တွေ့ရစဉ် ) Photo: Kan Thar/ RFA |
မနေ့ညကစပြီး လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေရတာ ဒီနေ့ မနက်ပိုင်းအထိပဲလို့ နမ့်ဆန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဦးမိုင်းရဲကျော်သူ က ပြောပါတယ်။
'' လက်နက်ကြီးသံတွေ ကြားရတယ်၊ တရစပ်ပဲ အဆက်မပြတ်ပဲကြားရတယ်၊ တိုက်ပွဲတော်တော်ပြင်း ထန်မယ့်သဘောတော့ရှိမယ်ထင်တယ်၊ တစ်ဖက်ကလည်း အဲ့မှာလှုပ်ရားနေတယ်၊ တစ်ဖက်ကလည်း တက်လာတယ်ဆိုတော့ ဒါ အနေအထားက နှစ်ဖက်ထိပ်တိုက်တွေ့မယ့်သဘောရှိတယ်''
နမ့်ဆန်မြို့နယ် မန်မိုင်ကျေးရွာနဲ့ မုန်းကောင်းကျေးရွာဖက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်တယ်လို့ ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားချိန်ကစပြီး နမ့်ဆန်မြို့နယ်တစ်ဝိုက်မှာ မိုးတွေလည်း အတော်ကြီး နေခဲ့ပါတယ်။
TNLA တပ်မဟာ ၂ နယ်မြေ၊ နမ့်ဆန်မြို့နယ်နဲ့ မိုးမိတ်မြို့နယ် တို့မှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး TNLA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး နမ့်ဆန်မြို့နယ်၊ ဟူးမန်းကျေးရွာအတွင်း တပ်မတော်က ပစ်တဲ့ လက်နက်ကြီး ကျရောက်ခဲ့တဲ့အတွက် ကျေးရွာသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
အစိုးရတပ်မတော်နဲ့ TNLA နမ့်ဆန်မှာ တိုက်ပွဲပြင်းထန်
Reviewed by THITHTOOLWIN
on
17:58
Rating:
