TNLA အဖွဲ့ဝင်နှစ်ဦးအား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ


နေပြည်တော် ၊ ၂-၁၀-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင် မြို့နယ်အတွင်း တပ်မတော် စစ်ကြောင်းက နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် စက်တင်ဘာ ၃ဝ ရက် နံနက် ၁၁ နာရီခန့်တွင် ကွတ်ခိုင်မြို့၊ အနောက် တောင်ဘက် ၈ မိုင်ခန့်အကွာ တောစပ်ချုံပုတ် အတွင်း မသင်္ကာဖွယ်ရာ လူနှစ်ဦးအား တွေ့ရှိသဖြင့် ဖမ်းဆီး စစ်ဆေးခဲ့သည်။

အဆိုပါ မသင်္ကာဖွယ်ရာ လူနှစ်ဦးမှာ TNLA အဖွဲ့မှ ညီကျန် (ဘ) ဦးအိုက်ပေ့၊ အသက် ၃ဝ နှစ် ပန်လော့ကျေးရွာ နေသူနှင့် အိုက်နွေ (ဘ) ဦးအိုင်အိုင်၊ အသက် ၁၆ နှစ် ဟိုးဆောင်ကျေးရွာ နေသူတို့ ဖြစ်ကြောင်း စစ်ဆေးတွေ့ ရှိရပြီး ၄င်းတို့နှင့်အတူ ဒေသန္တရ လက်လုပ်မိုင်း နှစ်လုံး၊ လျှပ်စစ်စနက်တံ သုံးခု၊ ဘက်ထရီ တစ်လုံး၊ အဝေးထိန်းစနစ်သုံး ရီမုတစ်ခုနှင့် ဆားကစ်အုံ နှစ်ခုတို့အား သိမ်းဆည်းရမိ ခဲ့သည်။

ဖမ်းဆီးရမိသူ နှစ်ဦးအနက် အိုက်နွေ (ဘ) ဦးအိုင်အိုင် သည် အသက် ၁၃ နှစ်အရွယ်မှ စတင်၍ TNLA အဖွဲ့မှ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း ခံခဲ့ရခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၄)
The Myawady Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ