သီပေါမှာ SSPP နဲ့ တပ်မတော် တိုက်ပွဲတွေ ဖြစ်

နားမခေါ် ရွာခံတွေရဲ့ အကူအညီနဲ့ ဒုက္ခသည်တွေကို ကျွေး ထား နိုင်ပေမယ့် ရေရှည် ရပ်တည်ဖို့ မလွယ်
အောက်တိုဘာလ ၂၃ ရက်နေ့က ရှမ်းပြည် တပ်မတော် တောင်ပိုင်း SSPP/SSA နဲ့ မြန်မာ့တပ်မတော် အရှေ့မြောက် တိုင်း စစ်ဌာနချုပ်က လက်အောက်ခံ တပ်တွေဟာ သီပေါ မြို့နယ် နားလော့ ရွာနားမှာ တိုက်ပွဲ တွေ ဖြစ်ပွား ခဲ့ပါတယ်။

တိုက်ပွဲ တွေကြောင့် အဲဒီက ဒေသ ခံတွေဟာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

နားမခေါ် ရွာက ဘုန်းကြီးကျောင်းမှာ ဒုက္ခသည် ရာနဲ့ချီ ပြီးခိုလှုံ နေထိုင် လျှက် ရှိပါတယ်။

သီပေါမြို့နယ် အနီးအနား ရွာတွေက ဘုန်းကြီးကျောင်းတွေမှာလည်း ဒုက္ခသည် အများအပြား ခိုလှုံလျှက် ရှိပါတယ်။

အခု အခါမှာ ဒုက္ခသည်တွေ အတွက် စားနပ် ရိက္ခာတွေ အရေးပေါ် လိုအပ် နေတယ်လို့ ပြည်နယ် လွှတ်တော် အမတ် ဦးစိုင်းခမ်းအောင် က ဘီဘီစီ ကို ပြောပါတယ်။

လောလောဆယ်မှာ နားမခေါ် ရွာခံတွေရဲ့ အကူအညီနဲ့ ဒုက္ခသည်တွေကို ကျွေး ထား နိုင်ပေမယ့် ရေရှည် ရပ်တည်ဖို့ မလွယ်ဘူးလို့ သိရပါတယ်။

ဆောင်ကျဲ၊ မိန်းခေး ဘက်ကိုလည်း ဒုက္ခသည် တချို့ ရောက်ရှိလာကြောင်း ဒေသခံ တွေက ပြောပါတယ်။

ရှမ်းပြည်တပ်မတော် SSPP/SSA ရဲ့ နယ်မြေ ကို မြန်မာ့ တပ်မတော်က နယ်မြေ ရှင်းလင်းရေး လုပ်စဉ် မှာ တိုက်ပွဲ တွေ ဖြစ်ပွား တာပါ။

တိုက်ပွဲတွေ ကြားထဲကို ကျရောက်မှာ နဲ့ တပ်ဖွဲ့တွေက ဖမ်းဆီးမှာ ကိုစိုးရိမ်ပြီး ဒုက္ခသည်တွေဟာ သူတို့ နေထိုင်ရာ ရွာတွေ ကို မပြန်ရဲကြကြောင်း ဦးစိုင်းခမ်းအောင် က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ