လက်နက်ခဲယမ်းများနှင့် အကြမ်းဖက်သမားတစ်ဦးဖမ်းဆီးရမိပြီး ၊ RSO တံဆိပ်ပါ အလံ ၊ လည်စီး များ သိမ်းဆည်းရမိ


တပ်မတော်စစ်ကြောင်းများက ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူတစ်ဦး၊ သေနတ်တစ်လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

နေပြည်တော်၊ အောက်တိုဘာ ၁၃

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် တပ်မတော် စစ်ကြောင်းများက ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်လျက်ရှိရာ အောက်တိုဘာ ၁၂ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် မောင်တောမြို့နယ်၊ ၀ါးပိတ်ကျေးရွာ၏ အနောက်ဘက် မီတာ ၂၀၀ ခန့်အကွာရှိ တောင်ကုန်း၌ ကျီးကန်းပြင်အုပ်စု၊ ၀ါးပိတ်ကျေးရွာနေ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ဖော်ဆော်လာမောက်(ဘ) ဖွေဘာမောက်အား ဖမ်းဆီးရမိခဲ့သည်။


အောက်တိုဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းက အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ အောက်တိုဘာ ၁၂ ရက်တွင် မီးရှို့ဖျက်ဆီးသွားခဲ့သည့် ၀ါးပိတ်ကျေးရွာအတွင်းအသေး စိတ်ထပ်မံရှင်းလင်းရာ မီးလောင်ထားသည့် MA-11 အမျိုးအစားသေနတ်တစ်လက်၊ ကျည်အိမ်မျိုးစုံ ၁၁ ခု၊ ကျည်မျိုးစုံ ၁၅၁၀ တောင့်၊ ပြောက်ကျားယူနီဖောင်းတစ်စုံ၊ RSO အလံ ၂၄ ခုနှင့် RSO တံဆိပ်ပါ လည်စီး ၄၀ ခုနှင့် ဓားရှည်တစ်ချောင်းတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

Myanmar President Office
https://www.facebook.com/myanmarpresidentoffice.gov.mm/
လက်နက်ခဲယမ်းများနှင့် အကြမ်းဖက်သမားတစ်ဦးဖမ်းဆီးရမိပြီး ၊ RSO တံဆိပ်ပါ အလံ ၊ လည်စီး များ သိမ်းဆည်းရမိ လက်နက်ခဲယမ်းများနှင့် အကြမ်းဖက်သမားတစ်ဦးဖမ်းဆီးရမိပြီး ၊ RSO တံဆိပ်ပါ အလံ ၊ လည်စီး များ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 05:04 Rating: 5
Powered by Blogger.