သူတို့မြေမှာ RSO အဖွဲ့ မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် ဘက်က ငြင်းဆို


ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲကို ၀င်ရောက်ပြီး ရဲစခန်း သုံးခုကို စီးနင်းတိုက်ခိုက်သွားသူတွေဟာ RSO အဖွဲ့အပါအ၀င် ဘင်္ဂလာဒေ့ခ်ျနိုင်ငံဘက်က ၀င်ရောက်လာတဲ့ အကြမ်းဘက်သမားတွေ ဖြစ်တယ်လို့ မြန်မာအာဏာပိုင်တွေရဲ့ပြောကြားချက် နဲ့ပတ်သက်ပြီး BGB ဘင်္ဂလာဒေ့ခ်ျနယ်ခြားစောင့် တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် အာဇစ် အာမန်က ငြင်းဆိုလိုက်ပါတယ်။

ဗိုလ်ချုပ် အာဇစ် အာမန် ကို အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီိစီ မြို့တော် အခြေစိုက် Benar သတင်းဌာနက မေးမြန်းခဲ့တာဖြစ်ပြီး သူ့အဆိုအရ RSO အဖွဲ့အပါအ၀င် မြန်မာနိုင်ငံဘက်က အစွန်းရောက်ဆိုသူတွေ ဘင်္ဂလာဒေ့ခ်ျဘက်မှာ ဝင်ရောက် အခြေစိုက်တာ မရှိဘူးလို့ပြောပါတယ်။

မြန်မာဘက်က လာရောက်ခဲ့ပြီး ဖမ်းဆီးရမိတဲ့ အကြမ်းဘက်သမားလို့ မသင်္ကာသူတွေကို ဘင်္ဂလာဒေ့ခ်ျ အစိုးရက မြန်မာ အစိုးရကို မကြာခဏလွဲပြောင်း ပေးအပ်တာတွေလဲရှိခဲ့တယ်လို့ ဆိုပါတယ်။ အဓိကအနေနဲ့ကတော့ မြန်မာအာဏာပိုင်တွေအနေနဲ့ RSO အဖွဲ့နဲ့ ပတ်သက်ပြီး ဘင်္ဂလာဒေ့ခ်ျဘက်က ဆောင်ရွက်ချက်တွေကို အသေအချာသိရှိထားပါတယ်လို့ သူက ပြောပါတယ်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတဦးကလည်း အလားတူဘဲ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အကြမ်းဘက်သမားတွေဟာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံဘက်က ၀င်ရောက်သွားတာ မဟုတ်ဘူးလို့ ပြောကြောင်း Benar သတင်းမှာရေးသားထားပါတယ်။

တနင်္လာနေ့ထုတ် အမေရိကန်ပြည်ထောင်စု က New York Times သတင်းစာကြီးကလဲ သူတို့ သတင်းထောက် ကိုဝေဖြိုး ပေးပို့တဲ့ သတင်းအရ ဒီဖြစ်ရပ်တွေမှာ ဘင်္ဂါလီ အရပ်သားတွေ အပါအဝင် စုစုပေါင်း လူ ၂၄ ယောက်လောက် သေဆုံးခဲ့ရတယ်လို့ ဖေါ်ပြထားပါတယ်။ မောင်တော မြို့နယ်ထဲမှာ ရွာသား ၇ ယောက်ကို နယ်မြေရှင်းလင်းရေးအဖွဲ့ဝင်တွေက ပစ်သတ် သွားတယ်လို့ရေးသားထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
သူတို့မြေမှာ RSO အဖွဲ့ မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် ဘက်က ငြင်းဆို  သူတို့မြေမှာ RSO အဖွဲ့ မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် ဘက်က ငြင်းဆို Reviewed by THITHTOOLWIN on 07:41 Rating: 5
Powered by Blogger.