မောင်တောမြို့နယ် နယ်ခြားစောင့်တပ်စခန်းများ RSO ၏ တိုက်ခိုက်မှုကို ခံနေရ


အောက်တိုဘာ ၉/DMG

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် နယ်ခြားစောင့်တပ်စခန်းများ RSO ၏ တိုက်ခိုက်မှုများကို ခံနေရပြီး လတ်တလောတွင် နှစ်ဘက်စလုံး အပြန်အလှန်ချေမှုန်းလျက်ရှိကြောင်း မောင်တောမြို့မ ရဲစခန်းမှ သိရသည်။

ယနေ့ (အောက်တိုဘာလ ၉) ရက်နေ့၊နံနက် ၂ နာရီအချိန်ခန့်က မောင်တောမြို့နယ် ကျီးကန်းပြင် နယ်ခြားစောင့်တပ်စခန်း၊ ငခူရတပ်စခန်းနှင့် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် စခန်းကောက် စခန်းများ တိုက်ခံရကြောင်း သိရသည်။

“ဟုတ်ပါတယ်။ RSO ရဲ့ တိုက်ခိုက်မှုကို ခံနေရပါတယ်။ ငခူရမှာတော့ အခုနှစ်ဘက်အပြန်အလှန်တိုက်နေကြတယ်လို့ ကြားပါတယ်။ ဖြစ်စဉ်သတင်းတွေကို အတိအကျအသိရပါသေးပါဘူး။ ခုကိစ္စတွေကြောင့် ပြည်ထဲရေးဒုဝန်ကြီးလည်း ရောက်နေပါတယ်။ ”ဟု မောင်တောမြို့မ ရဲစခန်းမှူးက ဆိုသည်။

အဆိုပါဖြစ်စဉ်များကြောင့် ကျီးကန်းပြင် နယ်ခြားစောင့်တပ်မှ တပ်သား(၃) ဦးမောင်တောဆေးရုံးတွင် ဆေးကုသခံလာရာ တစ်ဦးမှာ သေဆုံးသွားခဲ့ကာ ကျီးကန်းပြင် စစ်ဌာနချုပ်မှ လက်နက် ၅၀ ခန့်မှလည်း အမည်မသိသူများ၏ တိုက်ခိုက်လုယက်မှုကို ခံလိုက်ရကြောင်း ကနဦးသတင်းများအရ သိရသည်။

ဓာတ်ပုံ - FB
Development Media Group
https://www.facebook.com/DevelopmentNJ
မောင်တောမြို့နယ် နယ်ခြားစောင့်တပ်စခန်းများ RSO ၏ တိုက်ခိုက်မှုကို ခံနေရ  မောင်တောမြို့နယ် နယ်ခြားစောင့်တပ်စခန်းများ RSO ၏ တိုက်ခိုက်မှုကို ခံနေရ Reviewed by THITHTOOLWIN on 12:37 Rating: 5
Powered by Blogger.