မီးသွေးတင်ဆောင်လာသည့် တအာင်းရွာသား၏ ကား(၂)စီးအား RCSS တပ်ဖွဲ့မီးရှို့


၂၀၁၆ ခုနှစ် အောက်တိုဘာလ ၆ ရက်

နမ့်ခမ်းမြို့နယ်၊ နောင်ခမ်းကျေးရွာအနီးတွင် ယနေ့ ၁၃း၀၀ နာရီအချိန်ခန့်တွင် မီးသွေးတင်ဆောင်လာသည့် တအာင်းရွာသား၏ ကား(၂)စီးအား RCSS တပ်ဖွဲ့မှ မီးရှို့ ဖျက်ဆီးခဲ့သည်။

နမ့်ခမ်းမြို့မှ မန်ဟောင် ကူးတို့ဆိပ်သို့  မီးသွေးတင်ဆောင်လာသည့်ကား ၅ စီး ဖြတ်ကျော်သွားခဲ့သည်။ ထိုကား ၅ စီးတွင် ရှမ်းလူမျိုးပိုင်သည့်ကား ၃ စီး၊ တအာင်းလူမျိုးပိုင်သည့် ကား ၂ စီးဖြစ်သည်။ အဆိုပါ ကား ၅ စီးသည် နောင်ခမ်းကျေးရွာအနီးတွင် RCSS တပ်ဖွဲ့မှ တားဆီးကာ ရှမ်းလူမျိုးကား ၃ စီးအားလွတ်ပေးပြီး  တအာင်းလူမျိုး ကား ၂ စီးကိုမူ မီးရှို့ဖျက်ဆီးခဲ့သည်။

မီးအရှို့ခံရသည့် ကား ၂ စီးသည် ဝိန်းဆာအုပ်စု၊ လွယ်လိုင်ကျေးရွာနေ တားလှကျော်၏ကား နှင့် မန်စပ်အုပ်စု၊ နမ့်စိပ်ကျေးရွာနေ မိုင်းနိုင်စံ တို့၏ကားများဖြစ်သည်။ ထိုသူနှစ်ဦးမှလည်း ကိုယ်လွတ်ရုန်းထွက်ပြေးကာ အသက်အန္တရာယ်နှင့် ကင်းဝေးခဲ့ရသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
မီးသွေးတင်ဆောင်လာသည့် တအာင်းရွာသား၏ ကား(၂)စီးအား RCSS တပ်ဖွဲ့မီးရှို့  မီးသွေးတင်ဆောင်လာသည့် တအာင်းရွာသား၏ ကား(၂)စီးအား RCSS တပ်ဖွဲ့မီးရှို့ Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.