ချီကာဂိုက O'Hare လေဆိပ်မှာ၊လေယာဉ်မီးလောင်မှုဖြစ်ပွား


ချီကာဂိုပြည်နယ် O'Hare(အိုဟဲယား)လေဆိပ်ရဲ့ပြေးလမ်းမှာ အမေရိကန် လေကြောင်းလိုင်း တစ်ခုကလေယာဉ်တစ်စီးပျံတက်ချိန် အောက်တိုဘာလ (၂၈)ရက်နေ့က မီးလောင်မှုဖြစ်ပွါး ခဲ့တယ်လို့သိရပါတယ်။

မိုင်ယာမီကိုသွားရောက်မယ့် ဘိုးအင်း 767 လေယာဉ်ဟာ တိုင်ယာလွင့်ထွက်သွားခဲ့ပြီး အင်ဂျင်ထိခိုက် ပျက်စီးခဲ့တာလို့ ဗဟိုမြို့ပြလေကြောင်း အုပ်ချုပ်ရေးဌာန(FAA)က ဆိုပါတယ်။ လေယာဉ်ရဲ့အောက်ပိုင်းကနေမီးခိုးတွေထွက်ပေါ်လာတာကြောင့် လေယာဉ်မှူးဟာ လေယာဉ်ပျံတက်ဖို့ လုပ်ဆောင်နေမှုကို ဖျက်သိမ်းခဲ့ပြီးအရေးပေါ်လျှောပေါက်ကတစ်ဆင့် ခရီးသည်တွေကို ဘေးကင်းရာရွှေ့ပြောင်းပေးခဲ့တာဖြစ်ပါတယ်။

ဒီမတော်တဆမှုကြောင့် လူအယောက်(၂၀)ခန့်ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ မီးလောင်မှုဖြစ်ပွါးချိန်လေယာဉ်ပေါ်မှာအမှုထမ်း(၉)ဦးနဲ့ ခရီးသည်(၁၆၁)ဦးတို့ရှိနေခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ချီကာဂိုက O'Hare လေဆိပ်မှာ၊လေယာဉ်မီးလောင်မှုဖြစ်ပွား ချီကာဂိုက O'Hare လေဆိပ်မှာ၊လေယာဉ်မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:59 Rating: 5
Powered by Blogger.