![]() |
ရှမ်းပြည်နယ်မှာ တပ်မတော်သားတချို့ ကင်းလှည့်နေစဉ်။ Photo: Kan Thar/RFA |
အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမြန်ဆုံး ဖြေရှင်းပေးဖို့ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S နဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-U အဖွဲ့တွေထံ တောင်းဆိုလိုက်တယ်လို့ ဒုဗိုလ်မှူးကြီး စိုင်းငင်း က ပြောပါတယ်။
RCSS အဖွဲ့ရဲ့ ဘိန်းဖြတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး RCSS က ဖမ်းဆီးထားတဲ့ ဒေသခံ ၂၅ ယောက်ကို တပ်မတော်က ကယ်တင်ပြီး အောက်တိုဘာ ၇ ရက်နေ့မှာ သီပေါမြို့နယ် နန့်လန်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံ လွှဲအပ်ပေးလိုက်တယ်ဆိုပြီး နိုင်ငံပိုင်သတင်းစာတွေကနေ ဖော်ပြတာဟာ မှားယွင်းနေပြီး NCA စာချုပ်နဲ့ ငြိစွန်းနေတယ်လို့လည်း ပြောပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်းဟာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ပထမဆုံးအကြိမ် အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေး ထိုးခဲ့ပြီးနောက် ၂၀၁၂ ခုနှစ် မေလ ၁၉ ရက်နေ့မှာ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ကျိုင်းတုံအခြေစိုက် ရွှေတြိဂံတိုင်းစစ်ဌာနချုပ်မှာ မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေးဆိုင်ရာ သဘောတူညီချက်ပါဝင်တဲ့ အချက် ၁၂ ချက်ကို သဘောတူ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
NCA စာချုပ်ကို တပ်မတော် ချိုးဖောက်တယ်လို့ RCSS ပြော
Reviewed by THITHTOOLWIN
on
18:35
Rating:
