NCA မှာလက်မှတ်ထိုးဖို့ KIA ကိုတောင်းဆို

( NCA မှာ လက်မှတ်ရေးထိုးဖို့ ရှမ်းနဲ့ ကချင်တိုင်းရင်းသားမျိုးနွယ်စုများ မြစ်ကြီးနားမြို့မှာ အောက်တိုဘာ ၃၁ ရက်နေ့က ဆန္ဒပြ တောင်းဆိုကြစဉ် ) Photo: Kyaw Myo Min/ RFA
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးပြီး နိုင်ငံတော်က ဖော်ဆောင် နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ကြဖို့ KIA ကိုကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့ ဒေသခံတိုင်းရင်းသား ၈ ထောင်ကျော် ဆန္ဒပြတောင်းဆိုကြပါတယ်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးလိုက်မယ်ဆိုရင် ပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေးအတွက် အကျိုးရှိစေမှာဖြစ်တယ်လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးစိုင်းထွန်းရင် က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မှာ အချိန်မဆွဲဘဲ လက်မှတ် ရေးထိုးကြဖို့ တိုက်တွန်းထားပါတယ်။

ဆန္ဒပြသူတွေဟာ မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာ အားကစားကွင်းကနေ ရပ်ကွက်တချို့ကို ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး လှည့်လည်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
အဲဒီဆန္ဒပြပွဲကို ဒေသခံ ရှမ်းနဲ့ လီဆူ၊ လာချိတ် ၊ ရဝမ် စတဲ့ ကချင်တိုင်းရင်းသား မျိုးနွယ်စုတွေ ပါဝင်ခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
NCA မှာလက်မှတ်ထိုးဖို့ KIA ကိုတောင်းဆို  NCA မှာလက်မှတ်ထိုးဖို့ KIA ကိုတောင်းဆို Reviewed by THITHTOOLWIN on 17:56 Rating: 5
Powered by Blogger.