![]() |
အကြမ်းဖက် သမားတွေ အခိုင်အမာ တပ်စွဲထားလို့ လွယ်လွယ်နဲ့ အောင်မြင်မှု မရဘူးလို့ အေဘီစီ သတင်းထောက် ခန့်မှန်း (Credit: ABC licensed) |
အီရတ် လေတပ်က ဝေဟင်ကနေ Mosul မြို့ကို တိုက်ခိုက်တော့မယ့်အကြောင်း အဲဒီလို အခြေအနေကြောင့် IS အဖွဲ့ဝင်နား မနေကြဖို့၊ ပြည်သူတွေ မိမိနေအိမ်အတွင်းမှာပဲ နေထိုင်ကြဖို့ သတိပေးတဲ့ စာစောင်တွေကို ကျဲချပြီးတဲ့နောက် တိုက်ခိုက်မှုတွေ စတင်နေတာ ဖြစ်ပါတယ်။
Mosul မြို့ကို IS က လွန်ခဲ့တဲ့ ၂ နှစ်ကျော် ကတည်းက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
Mosul မြို့ကို အီရတ်စစ်သားတွေ ပြန်လည် သိမ်းပိုက်နိုင်ဖို့အတွက် သြစတြေးလျ စစ်သားတွေက အီရတ်စစ်သားတွေကို စစ်သင်တန်းတွေ ပေးတဲ့အထဲမှာ ပါဝင်တယ်လို့လည်း သြစတြေးလျ နိုင်ငံက စစ်အရာရှိဟောင်း တစ်ယောက်က ပြောပြပါတယ်။
အရင်တုန်းက အီရတ်စစ်သားတွေက ရန်သူကို မတိုက်ချင်လို့ ကျဆုံးမှုတွေ ဖြစ်ခဲ့ရပေမယ့် ဒီတချီမှာတော့ အီရတ်စစ်သားတွေအနေနဲ့ လိုအပ်တဲ့ စစ်လက်နက်တွေ၊ စစ်သင်တန်းတွေ ရရှိထားပြီး ပြန်လည် တိုက်ခိုက်မယ် ဆိုတဲ့ စိတ်ဓာတ်တွေ မွေးမြူလာကြတာကို တွေ့နေရတယ်လို့လည်း ပြောပြခဲ့ပါတယ်။
Mosul မြို့ဟာ အီရတ်နိုင်ငံရဲ့ ဒုတိယ အကြီးမားဆုံးမြို့ ဖြစ်တာကြောင့် ဒီလို ထိုးစစ်ဆင်မှုကနေ ဒုက္ခရောက်တဲ့ ပြည်သူတွေ များပြားမယ်လို့လည်း ကြိုတင်ခန့်မှန်းထားကြပါတယ်။
ကုလသမဂ္ဂကတော့ လူပေါင်း တစ်သန်းလောက် အိုးအိမ်မဲ့ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
Mosul မြို့ကို ပြန်သိမ်းဖို့ စတင် ထိုးစစ်ဆင်ပြီ
Reviewed by THITHTOOLWIN
on
16:06
Rating:
