MNDAA သောင်းကျန်းသူအဖွဲ့မှ ရေအားလျှပ်စစ်စက်ရုံရှိ ၀န်ထမ်း ၅ ဦးအား ဖမ်းဆီးခေါ်ဆောင်


နေပြည်တော် ၊ ၁၁-၁၀-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင် မြို့နယ်၊ ညံခွမ်းကျေးရွာ ၏ အနောက် မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ ရှောက်ကိုင် (ရင်ဖန်ထို) ရေအားလျှပ်စစ် စက်ရုံသို့ အောက်တိုဘာ ၈ ရက် ည ၈ နာရီခန့်တွင် MNDAA သောင်းကျန်းသူ အဖွဲ့မှ အင်အား ၁၅ ဦးခန့် ရောက်ရှိလာပြီး စက်ရုံမှ အသက်ကြီး ရင့်သူနှင့် ကျန်းမာရေး မကောင်းသူ နှစ်ဦးအား ချန်ထားကာ လူငယ်ဝန်ထမ်း ဖြစ်သည့် လီကျင်းဖု၊ ကောင်းလူ၊ ကျန်းချင်း၊ ဝမ်းစန်း နှင့် ရှောက်ရှန်း တို့ငါးဦးအား လူသစ်အဖြစ် ဖမ်းဆီး ခေါ်ဆောင်၍ စက်ရုံ၏ အရှေ့မြောက် ဘက်သို့ ထွက်ခွာ သွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးခံရသူ ဝန်ထမ်းများအား ပြန်လည် ကယ်တင်နိုင်ရေး အတွက် တပ်မတော် စစ်ကြောင်းက MNDAA သောင်းကျန်းသူ အဖွဲ့နောက်သို့ လိုက်လံရှင်းလင်း လျက်ရှိကြောင်း သတင်း ရရှိသည်။

The Myawady Daily

MNDAA သောင်းကျန်းသူအဖွဲ့မှ ရေအားလျှပ်စစ်စက်ရုံရှိ ၀န်ထမ်း ၅ ဦးအား ဖမ်းဆီးခေါ်ဆောင် MNDAA သောင်းကျန်းသူအဖွဲ့မှ ရေအားလျှပ်စစ်စက်ရုံရှိ ၀န်ထမ်း ၅ ဦးအား ဖမ်းဆီးခေါ်ဆောင် Reviewed by THITHTOOLWIN on 09:19 Rating: 5
Powered by Blogger.