Miss Universe Myanmar 2017 ဆု သံတွဲသူ ဇွန်သံဇဉ် ရရှိ


DMG၊အောက်တိုဘာ ၆

ယနေ့ကျင်းပသည့် miss universe myanmar 2017 ဆုကို ရခိုင်ပြည်နယ် သံတွဲမှ ခါးနံပါတ် ၂၄ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဇွန်သံစဉ်မှ ရရှိခဲ့ကြောင်းသိရသည်။

အောက်တိုဘာလ ၆ ရက်နေ့တွင် Novotel Hotel၊ Yangon Ballroom တွင် Miss Universe Myanmar 2017 ကိုကျင်းပခဲ့ပြီး သံတွဲမြို့မှ ရန်ကုန်ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် No 24 ဇွန်သံဇဉ်က Miss Universe Myanmar 2017 ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။


ယခုနှစ် ၂၀၁၇ခုနှစ်တွင် မြန်မာတနိုင်ငံလုံးမှ ကိုယ်စားပြု Miss ၂၆ ယောက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုသတ်မှတ် ရွေးချယ်ရာတွင် ရုပ်ရည်တခုတည်းမဟုတ်ဘဲ လူမှုရေး၊ပေါင်းသင်းဆက်ဆံရေးအပါအဝင် တခြား ဗဟုသုတ ကြွယ်ဝမှုစသည့်အချက်များကိုလည်း ထည့်သွင်းရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Miss Universe Myanmar 2017 ဆု ရရှိခဲ့သည့် ဇွန်သံစဉ်သည် လက်ရှိတွင် အနုပညာလုပ်ငန်းများကိုလုပ်ကိုင်လျက်ရှိပြီး မကြာမှီကျင်းပမည့် Miss Universe world ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။

ပထမအဆင့် ဆန်ခါတင် ၁၂ ဦးရွေးချယ်ရာတွင် စစ်တွေ ကိုယ်စားပြု အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြောက်ဦးသူ ခိုင်သန္တာလင်းလည်း ရွေးချယ်ခံခဲ့ရကြောင်းသိရသည်။

မြင့်မြတ်ဖြူ
Development Media Group
https://www.facebook.com/DevelopmentNJ/
Miss Universe Myanmar 2017 ဆု သံတွဲသူ ဇွန်သံဇဉ် ရရှိ Miss Universe Myanmar 2017 ဆု သံတွဲသူ ဇွန်သံဇဉ် ရရှိ Reviewed by THITHTOOLWIN on 04:26 Rating: 5
Powered by Blogger.