![]() |
Matthew ဟာရီကိန်းမုန်တိုင်း ဖလော်ရီဒါကို ဦးတည်နေ |
Matthew မုန်တိုင်းဟာ ဒီနေ့မနက်ပိုင်းမှာ တနာရီ ၁၂၇ မိုင်းနှုံးအထိအရှိန်ပြင်းလာပြီး Andros ကျွန်းနဲ့ Nassau ဒေသကို ဝင်ရောက်တိုက်ခတ်မယ်လို့ အမေရိကန်အမျိုးသားဟာရီကိန်း သုတေသနာဌာနက ပြောပါတယ်။ ဒီမုန်တိုင်းဟာ အန္တရာယ်ပေးလောက်အောင် အင်အားပြင်းလာပြီး မိုးရေချိန် ၈ လက်မနီးပါးအထိရွာသွန်းနိုင်ဖွယ်ရှိတယ်လို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
သောကြာနေ့ကျရင်Matthew မုန်တိုင်းဟာပြင်းအား အဆင့် ၃ ကနေ ၄ အထိတိုးလာနိုင်ပြီး အမေရိကန် အရှေ့ဘက်ကမ်းခြေရှိ Florida ပြည်နယ်ကိုတိုက်ရိုက်တိုက်ခတ်နိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ ဒါ့ကြောင့် Florida ပြည်နယ်အုပ်ချုပ်ရေးမှူး Rick Scott က ဒီလိုသေရေးရှင်ရေးတမျှ အန္တရာယ်များတဲ့အခြေအနေမျိုးမှာ ဘေးလွတ်ရာကိုအခုချက်ချင်းတိမ်းရှောင်ကြဖို့ ဆုံးဖြတ်ချက်ချကြပါရန် မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုလိုက်ပါတယ်။
Florida ပြည်နယ်ကမ်းခြေတကြောမှာနေကြတဲ့ လူဦးရေ ၂ သန်းနီးပါးကို ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဒါမှမဟုတ် မရွှေ့မနေရညွှန်ကြားချက်နဲ့ဖြစ်ဖြစ် ဘေးလွတ်ရာကိုတိမ်းရှောင်ကြဖို့ သတိပေးထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Matthew ဟာရီကိန်းမုန်တိုင်း ဖလော်ရီဒါကို ဦးတည်နေ
Reviewed by THITHTOOLWIN
on
21:35
Rating:
