KKO ခွဲထွက်အဖွဲ့မှ အဖွဲ့ဝင်များနှင့် လက်နက်၊ ခဲယမ်းများသိမ်းပိုက်ရရှိ


နေပြည်တော်၊ အောက်တိုဘာ ၂၀

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မိဖာလဲကျေးရွာတစ်ဝိုက်၌ KKO ခွဲထွက်အဖွဲ့မှ နော့ကီဦးဆောင်သော အင်အား ခုနစ်ဦးခန့် ရောက်ရှိခိုအောင်းနေကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းသည် အောက်တိုဘာ ၁၉ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် အဆိုပါနေရာသို့ သွားရောက်နယ်မြေရှင်းလင်းရာ ၄င်းအဖွဲ့မှ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်မှပြန်လည်ပစ်ခတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ရန်သူသည် မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်တွင် တပ်မတော်မှ စစ်သည်တစ်ဦးဒဏ်ရာရရှိခဲ့ပြီး ရန်သူဘက်မှ နော့ကီအပါအဝင် အလောင်း လေးလောင်း၊ သေနတ် သုံးလက်၊ ကျည်အိမ်မျိုးစုံ သုံးခု၊ ကျည်မျိုးစုံ ၃၈ တောင့် သိမ်းပိုက်ရရှိခဲ့သည်။

၎င်းနေရာတစ်ဝိုက်အား ဆက်လက်ရှင်းလင်းရာ လက်နက် နှစ်လက်၊ ၄င်းကျည်အိမ်တစ်ခုနှင့် ကျည်သုံးတောင့်တို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့သည်။
ဆက်လက်၍ နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ မိဖာလဲကျေးရွာအနီးသို့ ရောက်ရှိရှင်းလင်းစဉ် ကျေးရွာအတွင်းမှ သေနတ်ထိမှန် ဒဏ်ရာရရှိထားသည့် KKO ခွဲထွက် အဖွဲ့မှ ဗလ(ဘ)ဦးမောင်တင်ကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါနေရာတစ်ဝိုက်နှင့်ပတ်ဝန်းကျင် နေရာများအား တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
KKO ခွဲထွက်အဖွဲ့မှ အဖွဲ့ဝင်များနှင့် လက်နက်၊ ခဲယမ်းများသိမ်းပိုက်ရရှိ KKO ခွဲထွက်အဖွဲ့မှ အဖွဲ့ဝင်များနှင့် လက်နက်၊ ခဲယမ်းများသိမ်းပိုက်ရရှိ Reviewed by THITHTOOLWIN on 09:38 Rating: 5
Powered by Blogger.