KIA လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးအား ဆက်ကြေးကောက်ရန်ဆောင်ရွက်စဉ် ဖမ်းဆီးရမိ


နေပြည်တော် အောက်တိုဘာ ၂

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာရှိ အုတ်ဖိုများတွင် KIA လက်နက်ကိုင်အဖွဲ့မှ ဆက်ကြေးကောက်ခံနေကြောင်းသတင်းအရ အောက်တိုဘာ ၁ ရက်မွန်းလွဲ ၂ နာရီခွဲခန့်တွင် နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများပါဝင်သောပူးပေါင်းအဖွဲ့က သွားရောက်စုံစမ်းရှာဖွေရာ ဒေါ်စန်း၏အုတ်ဖိုတဲ၌ ဆက်ကြေးကောက်ရန်ရောက်ရှိနေသည့် KIA လက်နက်ကိုင်အဖွဲ့မှ တပ်သားအဆင့်ရှိ တူးအောင်(ခ)သာလအား အရပ်ဝတ်ဖြင့်လက်နက်မဲ့ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသည့် KIA လက်နက်ကိုင်အဖွဲ့မှတူးအောင်(ခ)သာလအား တရားဥပဒေအရအရေးယူ ဆောင်ရွက် နိုင်ရေး မိုးညှင်းမြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia/

KIA လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးအား ဆက်ကြေးကောက်ရန်ဆောင်ရွက်စဉ် ဖမ်းဆီးရမိ KIA လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးအား ဆက်ကြေးကောက်ရန်ဆောင်ရွက်စဉ် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:27 Rating: 5
Powered by Blogger.