KIA လက်နက်ကိုင်အဖွဲ့မှထွက်ပြေးလာသည့်အသက် ၁၇ နှစ်အရွယ် တပ်သားအဆင့်ရှိသူတစ်ဦးအား ဖမ်းဆီးရမိ


နေပြည်တော် အောက်တိုဘာ ၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းတပ်မတော်စစ်ကြောင်းများက စက်တင်ဘာ၃၀ ရက် မွန်းလွဲ ၁နာရီခန့် တွင် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ဟောင်ပါးကျေးရွာအုပ်စု နန့်စမ်းကျေးရွာအနီး မသင်္ကာဖွယ်ရာ လူတစ်ဦးအားတွေ့ရှိသဖြင့် စစ်ဆေးရာ KIA လက်နက်ကိုင်အဖွဲ့မှ ထွက်ပြေးလာသည့် တပ်သားအဆင့်ရှိ သန့်ဇင်ထက်(ခ)သားငယ် အသက် ၁၇ နှစ် ဘုန်းကြီးမှော်ကျေးရွာနေသူအား စနက်တံနှစ်ချောင်းနှင့်အတူ အရပ်ဝတ်ဖြင့် လက်နက်မဲ့ဖမ်းဆီးရမိခဲ့သည်။

၎င်း၏ပြောကြားချက်အရ ခိုမကျေးရွာ၏အနောက်ဘက် မီတာ ၁၂၀၀ ခန့်အကွာသို့သွားရောက် ရှင်းလင်းရှာဖွေရာ ဒေသန္တရလက်လုပ်မိုင်းနှစ်လုံးအား သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသည့် တပ်သားအဆင့်ရှိသန့်ဇင်ထက် (ခ)သားငယ်သည် ၎င်း အသက်၁၅ နှစ်အရွယ် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ၉ ရက်တွင် တာမခံမှ ခန္တီးမြို့သို့သွားရောက်စဉ်လမ်းခရီး၌ KIA လက်နက်ကိုင်အဖွဲ့မှဗိုလ်အဆင့်ရှိ လဘန်လအောင် ဦးစီးအဖွဲ့၏ တပ်သားသစ်အဖြစ် စုဆောင်းခြင်းခံခဲ့ရပြီး KIA လက်နက်ကိုင်အဖွဲ့ တပ်သားသစ်သင်တန်း အမှတ်စဉ်(၁၁/၂၀၁၄)အားတက်ရောက်ခဲ့ရသည်။ သင်တန်းဆင်းပြီးနောက် KIA လက်နက်ကိုင်အဖွဲ့ ဆယ်မိုင်ကုန်းစခန်းတွင် အထွေထွေလုပ်ငန်းများလုပ်ကိုင်ခဲ့ရပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် ပြန်လည်ထွက်ပြေးလာခဲ့ကြောင်းသတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia/

KIA လက်နက်ကိုင်အဖွဲ့မှထွက်ပြေးလာသည့်အသက် ၁၇ နှစ်အရွယ် တပ်သားအဆင့်ရှိသူတစ်ဦးအား ဖမ်းဆီးရမိ KIA လက်နက်ကိုင်အဖွဲ့မှထွက်ပြေးလာသည့်အသက် ၁၇ နှစ်အရွယ် တပ်သားအဆင့်ရှိသူတစ်ဦးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:25 Rating: 5
Powered by Blogger.