Junction မော်တင်ရှေ့၌ သေနတ်ကျည်ဆံများပါရှိသော သေတ္တာတခုတွေ့ရှိ၊ ပိုင်ရှင်ကို စုံစမ်းလျက်ရှိ


ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ အနော်ရထာလမ်းမပေါ်ရှိ ၈ လမ်းနှင့် ၇ လမ်းကြား မြို့နယ်ကျန်းမာရေးဌာနအနီး၊ Junction မော်တင်ရှေ့ တွင် အောက်တိုဘာ ၁၂ ရက်နေ့ မနက် ၉ နာရီဝန်းကျင်က ၉ မမ ပစ္စတို ကျည်ဆံများထည့်ထားသည့် သေတ္တာတလုံးတွေ့ရှိခဲ့ရကြောင်း လမ်းမတော်မြို့နယ်ရဲစ
ခန်းမှ သိရသည်။


အဆိုပါသေတ္တာအား စည်ပင်သန့်ရှင်းရေးဝန်ထမ်းမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေတ္တာအတွင်း၌ သစ်သား ၉ မမ ပစ္စတိုကျည်ဆံများ ထည့်ထားသည့်အိတ်တလုံးကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း လမ်းတော်မြို့နယ်ရဲစခန်းက တာဝန်ကျရဲအရာရှိက ပြောသည်။


"အမှိုက်သန့်ရှင်းရေးဝန်းက တွေ့တာပါ။ ပိုင်ရှင်ဘယ်သူလဲဆိုတာ သေချာစစ်ဆေးနေတုန်းပါ။ ဒါကို စိစစ်နေဆဲ၊ စုံစမ်းနေဆဲပဲရှိပါသေးတယ်။ အမှုဖွင့်တာလဲမရှိသေးဘူး။ အခုမှ စိစစ်နေတာဆိုတော ပိုင်ရှင် ဘယ်သူလဲဆိုတာ သေချာမသိသေးပါဘူး။ စိစစ်ပြီးမှ ဆက်လုပ်မှာပါ''ဟု အထက်ပါ တာဝန်ကျရဲအရာရှိကပြောသည်။

ယင်းပစ္စည်းပိုင်ရှင်သည် တပ်မတော်သားတဦးဖြစ်ကြောင်း ကောလာဟလများထွက်ပေါ်ခဲ့သော်လည်း လမ်းမတော်မြို့နယ်ရဲစခန်းမှ အတည်မပြုချေ။

လင်းလင်းအောင်
photo-ko thein zaw
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
Junction မော်တင်ရှေ့၌ သေနတ်ကျည်ဆံများပါရှိသော သေတ္တာတခုတွေ့ရှိ၊ ပိုင်ရှင်ကို စုံစမ်းလျက်ရှိ Junction မော်တင်ရှေ့၌ သေနတ်ကျည်ဆံများပါရှိသော သေတ္တာတခုတွေ့ရှိ၊ ပိုင်ရှင်ကို စုံစမ်းလျက်ရှိ Reviewed by THITHTOOLWIN on 15:54 Rating: 5
Powered by Blogger.