အင်ဒိုနီးရှားတွင် IS နှင့်ဆက်နွယ်နေသူ၏တိုက်ခိုက်မှုကြောင့် ရဲ ၅ဦးဒဏ်ရာရရှိ

လုံခြုံရေးစောင့်ကြပ်နေသည့် အင်ဒိုနီးရှားရဲဝန်ထမ်းတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)
   ဂျာကာတာ၊ အောက်တိုဘာ၂၀ ရက် (ဆင်ဟွာ)

    အင်ဒိုနီးရှားနိုင်ငံ Banten ပြည်နယ် Tangerangမြို့တွင် အောက်တိုဘာ ၂၀ ရက်က အမျိုးသားတစ်ဦးသည် ရဲဝန်ထမ်းများအား တိုက်ခိုက်ခဲ့၍ အကြီးတန်းအရာရှိတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တစ်ကိုယ်တော် တိုက်ခိုက်ခဲ့သူသည် အသက် ၂၂နှစ်အရွယ် Sultan Azianzah ဆိုသူဖြစ်ပြီး အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက Tangerang ရဲစခန်း အနီး တွင် IS အစွန်းရောက်အဖွဲ့ တံဆိပ်များ လိုက်လံကပ်နေသည်ကို ရဲတပ်ဖွဲ့များက တွေ့ရှိပြီးနောက် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ထိုအချိန်၌ ယင်းနေရာအနီးအနားတွင် အလုပ်သမား ဆန္ဒထုတ်ဖော်ပွဲအား စောင့်ကြည့်နေသည့် ရဲများ ရှိနေကြောင်း သိရသည်။

Sultan သည် ရဲစခန်းအနီးတွင် IS အစွန်းရောက်အဖွဲ့ တံဆိပ်များ မည်သည့်ရည်ရွယ်ချက်ဖြင့် လိုက်ကပ်ကြောင်း မေးမြန်းသည့် ရဲတပ်ဖွဲ့ဝင်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရုပ်သံလိုင်းများက ဖော်ပြခဲ့သည်။ တိုက်ခိုက်သူသည် ၄င်းအားဖမ်းဆီးရန်ကြိုးစားသည့် Tangerangမြို့ ရဲချုပ် Effendy အပါအဝင် ရဲတပ်ဖွဲ့ဝင်များအား ကြမ်းတမ်းစွာ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Sultan သည် Effendy နှင့် အခြားရဲတပ်ဖွဲ့ဝင် ၄ဦးအား ဓါး ဖြင့် ထိုးခဲ့ပြီးနောက် ၄င်းသည်လည်း ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဂျာကာတာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Awi Setiyono က “အကြမ်းဖက်သမားရဲ့ခြေထောက်ကိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ရပြီး အခုအခါဆေးရုံမှာ ကုသပေးထားပါတယ်” ဟုပြောကြားခဲ့သည်။

၎င်းက အကြမ်းဖက်သမားသည် ရဲတပ်ဖွဲ့ဝင်များအား ဓါးဖြင့် တိုက်ခိုက်ခဲ့၍ ဒဏ်ရာများစွာရရှိခဲ့ပြီး ၄င်းတို့အား ဆေးရုံ၌ ကောင်းစွာဆေးကုပေးထားကြောင်း၊ အခင်းဖြစ်ပွားရာ၌ ရဲများက ဖောက်ခွဲရေးပစ္စည်းများထည့်ထားသည့် ပိုက်နှစ်ချောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
အင်ဒိုနီးရှားတွင် IS နှင့်ဆက်နွယ်နေသူ၏တိုက်ခိုက်မှုကြောင့် ရဲ ၅ဦးဒဏ်ရာရရှိ အင်ဒိုနီးရှားတွင် IS နှင့်ဆက်နွယ်နေသူ၏တိုက်ခိုက်မှုကြောင့် ရဲ ၅ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 16:45 Rating: 5
Powered by Blogger.