အီရတ်ထဲက IS ခြေကုပ်မြို့ကို အစိုးရတပ်တွေ စတိုက်

မိုဆိုးလ် မြို့သိမ်းစစ်ပွဲ အီရတ်တပ်ဖွဲ့ပြင်ဆင်
အီရတ်နိုင်ငံမှာ အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ရဲ့ အဓိက ခြေကုပ် မြို့ ဖြစ်တဲ့ မိုဆိုးလ်ကို ပြန်လည် သိမ်းပိုက်ဖို့ စစ်ဆင်ရေးတွေ စတင် လိုက်ပြီလို့ အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီက ပြောပါတယ်။

အီရတ် ဒေသ အချိန် ညလယ်ခေါင်မှာ အစိုးရ ရုပ်မြင်သံကြား ပေါ်ကနေ ဝန်ကြီးချုပ် အယ်လ် အဘာဒီက ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့နောက်ပိုင်း မိုဆိုလ်း အနီး ပတ်ဝန်းကျင် ဒေသတွေမှာ လက်နက်ကြီးသံတွေ ကြား လာရပါတယ်။

အခု သီတင်းပတ် တွေ အတွင်း အီရတ် မြောက်ပိုင်း နယ်မြေ တွေကနေ IS တွေ ထွက်သွားအောင် အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့ရဲ့ လေကြောင်း ပစ်ကူတွေ နဲ့ အီရတ် အစိုးရတပ်တွေက တိုက်ခိုက် နိုင်ခဲ့ကြ ပါတယ်။

အခု အခါမှာတော့ IS တွေ လက်ထဲ ကျရောက် နေတာ နှစ်နှစ်ကျော် ရှိနေပြီ ဖြစ်တဲ့ မိုဆိုးလ်ကို အီရတ် အစိုးရတပ်တွေက မြို့သိမ်းစစ် ပြန်လည် ဆင်နွှဲ လာနိုင်တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ