နိရဉ္စရာ အောက်တိုဘာ ၁၉
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေသော တိုင်းရင်းသား ကျေးရွာများကို ကူညီရန်ဖွဲ့စည်းထားသော အရေးပေါ်ကူညီထောက်ပံ့ရေးကော်မတီ၏ အလှူလက်ခံရာ သာသနာ့ဗိမာန်ရှေ့တွင် INGO များထံမှ အကူအညီအလိုမရှိဟု ဆိုင်းဘုတ်တစ်ခု ထောင်ထာကြောင်း သတင်းရရှိသည်။
INGO များက ရခိုင်တိုင်းရင်းသားများ ဒုက္ခရောက်နေသည့်အချိန်တွင် အကူအညီမပေးသည့် အပြင် သတင်းမေးဖော်တောင် မရသဖြင့် ယင်းဆိုင်ဘုတ်ကို အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်က ထောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
"ဘင်္ဂလီတွေ တစ်ခုခုဖြစ်ရင် INGO တွေ အကူအညီပေးဖို့ ချက်ချင်းရောက်လာကြတယ်။ ရခိုင်တိုင်းရင်းသားတွေ ဒေသစွန့်ခွာပြီး ယာယီဒုက္ခသည်ကူညီရေးစခန်းတွေမှာ ခိုလှုံနေရတဲ့အချိန် ဘယ် INGO တွေက သတင်းမေးတာတောင်မရှိဘူး။ ကျွန်တော်တို့ကော်မတီက အစည်းအဝေး ပြုလုပ်ပြီး အခုလို ဆိုင်းဘုတ်ထောင်ဖို့ ဆုံးဖြတ်လိုက်တာပါ"ဟု အရေးပေါ်ကူညီထောက်ပံ့ရေး ကော်မတီမောင်တော၏ ပြန်ကြားရေးတာဝန်ခံ ဦးဝေစောဝေက နိရဉ္စရာ သတင်းဌာနသို့ပြောသည်။
နိုင်ငံတကာ INGO များ အနေဖြင့် လူသားချင်းစာနာမှုဟု ခေါင်းစဉ်တပ်ထားသော်လည်း ရခိုင်ပြည်နယ်တွင် နိုင်ငံရေး အရ ဆောင်ရွက်နေသော အဖွဲ့အစည်းများ ဖြစ်သဖြင့် ရခိုင်တိုင်းရင်းသားများအပေါ် ကူညီပေးမှု မရှိသလောက်နည်းပါးကြောင်း။ ခွဲခြားဆက်ဆံမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။
မောင်တောအခြေစိုက် INGO များသည် ဘင်္ဂလီတစ်ဦး ဆေးရုံတွင် ဆေးကုသမှုခံယူပါက တစ်နေ့စာအတွက် ၄ ထောင်ကျပ်နှင့် ထမင်းထုပ်ပါ လာပေးသည်ဟုဆိုသည်။
စံမောင်သန်း စစ်တွေ
Narinjara
https://www.facebook.com/Narinjara
INGO အကူအညီလက်မခံဟု မောင်တောတွင် ဆိုင်းဘုတ်ထောင်
Reviewed by THITHTOOLWIN
on
11:09
Rating:
