ရန်ကုန်၊ အောက်တိုဘာ ၂၇
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များတွင် စုံစမ်းထောက်လှမ်းမှု စွမ်းရည် မြင့်မားလာစေရေးအတွက် အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က သင်တန်းပေး မည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ထုတ်ဖော်ပြောဆိုလိုက်သည်။
FBI နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တို့ ပူးပေါင်းပြီး ရဲတပ်ဖွဲ့ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို ပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အောက်တိုဘာလ ၂၇ ရက်နေ့ တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် ပထမဆုံးအကြိမ်ပြုလုပ်မည်ဖြစ်ကာ အချိန် နှစ်လကျော်ကြာ မြင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီး ဇော်ဝင်းအောင်ကမူ “ ကျွန်တော်တို့ ဌာနတွင်း ချိတ်ဆက်မေးမြန်းထားသလောက်ကတော့ လက်ရှိအချိန် အထိတော့ အဲဒီ အစီအစဉ် မရှိသေးဘူးလို့ သိရပါတယ်” ဟု ဆိုသည်။
Written by ရွှေပြည်ဟိန်း
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို FBI သင်တန်းပေးမည်
Reviewed by THITHTOOLWIN
on
15:54
Rating:
