"တော်ဝင်" ခရီးသည်တင် Express ကားနှင့် ဆိုင်ကယ်တိုက် .. ဆိုင်ကယ်သမား သေဆုံး


၂၄.၁၀.၂၀၁၆ နေ့ နံနက် ၆ နာရီခွဲခန့်တွင် မုဒုံမြို့နယ် နိုင်လှုံကျေးရွာ အရှေ့ဘက် ဂျိုကာတံတား အနီးတွင် ရေးမြို့ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော "တော်ဝင်" Express ကားနှင့် နိုင်လှုံကျေးရွာနေ ဦးဒင် (၇၅) နှစ် မောင်းနှင်လာသော ဆိုင်ကယ်တို့ တိုက်မှု့ ဖြစ်ပွားခဲ့ပြီး ကားမှာ ထန်းတုံးအား ထပ်မံတိုက်မိပြီး လမ်းပြောင်းပြန် အနေအထား ဖြစ်ကာ ရပ်တန့်ခဲ့။ ဆိုင်ကယ်ပေါ်မှ ဦးဒင်မှာ နားနှစ်ဖက် သွေးယို၊ လည်ရိုးကျိုး ပွန်းပဲ့ဒဏ်ရာများရရှိပြီး သေဆုံးခဲ့ပါသည်။


Express ကားမှ ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိပါ။ အခင်းဖြစ်ရပ်သို့ မုဒုံ Rescue လူမှု့ကယ်ဆယ်ရေး အဖွဲ့မှ ဖုန်းသတင်းရရခြင်း အခင်းဖြစ် နေရာသို့ ထွက်ခွာကာ သေဆုံးသူ DB အား ထုပ်ပိုးပေးပြီး စေတနာ့အလင်းရောင် နာ/ကူ အဖွဲ့ကား ဖြင့် မုဒုံဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင် ကူညီပေးခဲ့ပါသည်။

ကိုမိုးမြင့်ရှိန် (Mudon Rescue) >> Zin Moe
"တော်ဝင်" ခရီးသည်တင် Express ကားနှင့် ဆိုင်ကယ်တိုက် .. ဆိုင်ကယ်သမား သေဆုံး "တော်ဝင်" ခရီးသည်တင် Express ကားနှင့် ဆိုင်ကယ်တိုက် .. ဆိုင်ကယ်သမား သေဆုံး Reviewed by THITHTOOLWIN on 19:42 Rating: 5
Powered by Blogger.