ဧရာဝတီတိုင်းဒေသကြီး ပုသိမ် - ရှောပြာ - ချောင်းသာ လမ်းပေါ်ရှိ ဥတိုတံတားအဆင်းတွင် အောက်တိုဘာလ (၁၆)ရက်နေ့ နံနက် ၄ နာရီခန့် က ခရီးသည် ၂၉ ဦး တင်ဆောင်လာသည့် Express ကားတစ်စီး တိမ်းမှောက်ခဲ့ကြောင်း သိရပါသည်။
အရှိန်မထိမ်းနိုင်ပဲ တိမ်းမှောက်ခဲ့တာ ဖြစ်ပြီး ခရီးသည်များအားလုံး ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပါ။
အဆိုပါတံတားသည် သံပြားများဖြင့် ခင်းထားသဖြင့် စလစ်ဖြစ်တတ်သောကြောင့် တံတားကိုဖြတ်သန်းစဉ် တစ်နာရီ ၁၀ မိုင်ထက်မပိုရန် သတိပေး ဆိုင်းဘုတ်ကပ်ထားကြောင်းလဲ သိရပါသည်။
by သစ်ထူးလွင်
ချောင်းသာကမ်းခြေ ဥတိုတံတားအဆင်းတွင် Express ကားတစ်စီး တိမ်းမှောက်
Reviewed by THITHTOOLWIN
on
11:33
Rating:
