2 -10 -2016 ည ၉ နာရီခန့် က ရန်ကုန်တိုင်းနယ်စပ် ZTH ဆီဆိုင်ရှေ့ ရန်ကုန်မှ လာသော EXPRESS ကားနှင့် ဆီဆိုင်ထဲမှ ထွက်လာ သော ၆ ဘီး ကုန်တင်ကား တိုက်မှု့ ဖြစ်ပွားခဲ့ပါသည်။
အသေအပျောက်မရှိ။ ဒဏ်ရာရလူနာ၂ ဦး ဥက္ကံဆေးရုံ သို့ ပို့ဆောင်။ ၆ဘီးကား စပယ်ယာ ကားရှေ့ခန်း၌ ညှပ်နေသဖြင့် ဥက္ကံမီးသတ် ကြက်ခြေနီ မေတ္တာရေစင် သုံးဆယ်ဂရုဏာရှင် အဖွဲ့များ မှ ကြိုးစားကယ်တင်ခဲ့ရ။ ည ၁၀:၃၀ အချိန်တွင် အောင်မြင်စွာ ကယ်ထုတ်ပြီး ဥက္ကံဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။
ည ၁၁:၀၀ နာရီအချိန်တွင် ယာဉ်တိုက်မှု့မှ လူနာ ၂ ဦး အား ဥက္ကံတိုက်နယ်ဆေးရုံမှ လိုအပ်သော ကုသမှု့များ ပြု့လုပ်ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ် ကုသရေး ဋ္ဌာနသို့ ဆက်လက်ပို့ဆောင် ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
မေတ္တာရေစင်လူနာတင်ယာဉ်အသင်း ဥက္ကံမြို့
Express နှင့် ၆ ဘီးကား ယာဉ်တိုက်မှု့ ဖြစ်ပွား
Reviewed by THITHTOOLWIN
on
01:34
Rating:
