နေပြည်တော် အောင်တိုဘာ ၂
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ဘောနီအမြန်လမ်းရဲစခန်းအပိုင် မိုင်တိုင်အမှတ် (၅၇/၅ နှင့် ၅၇/၆) ကြားတွင် ယနေ့နံနက် ၃ နာရီ ၄၅ မိနစ်တွင် နေပြည်တော်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း အောင်ဇင် လတ် မောင်းနှင်လာသော ရွှေမန်းရတနာ Express ယာဉ်မှာ ရှေ့မှ လမ်းခင်းကျောက်များ တင်ဆောင်လာသည့် ယာဉ်မောင်း မောင်မောင် နန်းထွေး မောင်းနှင်လာသော Fuso ခြောက်ဘီးယာဉ်အား ကျော်တက်စဉ် အရှိန် မထိန်းနိုင်ဘဲ နောက်ပိုင်းအား ၀င်တိုက်မိပြီး ရွှေမန်းရတနာ Express ယာဉ်မှာ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိရပ်တန့်ကာ ခြောက်ဘီးယာဉ်မှာ လမ်းဘေးမြေသားပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် ခရီးသည်တင်ယာဉ် ရွှေမန်းရတနာ Express ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် ၂၉ ဦးနှင့် သံဃာ ၃ ပါးမှာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။
ယာဉ်မတော်တဆမှုကြောင့် ရွှေမန်း ရတနာ Express ယာဉ်သည် ခန့်မှန်း သိန်း ၃၀ တန်ဖိုးခန့် ပျက်စီးသွားပြီး Fuso ခြောက်ဘီးယာဉ်မှာ ၁၀ သိန်းဖိုးခန့် ပျက်စီးသွားသည်။
သို့ပါ၍ ရွှေမန်းရတနာ Express ယာဉ်မောင်းနှင့် Fuso ခြောက်ဘီး ယာဉ်မောင်း များအား ယာဉ်မဆင်မခြင် မောင်းနှင် မှုကြောင့် ဘောနီ အမြန်လမ်းရဲစခန်းမှ (ပ) ၂၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၀၂ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ထိုကဲ့သို့ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းရေးအတွက် သတ်မှတ် အမြန်နှုန်းထက် ပိုမိုမောင်းနှင် သော မော်တော်ယာဉ်များအား အမြန်နှုန်းတိုင်း စက်ကိရိယာအသုံးပြု၍ တိုင်းတာစစ်ဆေး အရေးယူလျက်ရှိရာ စက်တင်ဘာ ၁ ရက်မှ ယနေ့အထိ ယာဉ်အစီးပေါင်း ၁၂၃၈ စီးအား ဖမ်းဆီးအရေးယူခဲ့ပြီး ယာဉ် ၉၃၀ စီးအား တရားစွဲတင်ပြီးဖြစ်ကာ ယာဉ် ၃၀၈ စီးအား တရားစွဲတင်ရန် ကျန်ရှိပါကြောင်း သိရှိရသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အမြန်လမ်းတွင် ရွှေမန်းရတနာ Express ယာဉ်နှင့် Fuso ခြောက်ဘီးယာဉ် ယာဉ်မတော်တဆမှုဖြစ်
Reviewed by THITHTOOLWIN
on
21:50
Rating:
