အရေးပါတဲ့ Dabiq မြို့ကို IS ထံက ပြန်သိမ်းပိုက်နိုင်

အရေးပါတဲ့ Dabiq မြို့ကို IS ထံက ပြန်သိမ်းပိုက်နိုင်
တူရကီကထောက်ပံ့ပေးထားတဲ့ ဆီးရီးယားသူပုန်အဖွဲ့က နိုင်ငံ့မြောက်ပိုင်းက အရေးပါတဲ့ Dabiq မြို့ကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေ လက်ထဲကနေ ပြန်လည်သိမ်းပိုက်ခဲ့တာနဲ့တချိန်တည်း ၆ နှစ်သက်တမ်းရှိနေပြီဖြစ်တဲ့ ဆီးရီးယားပဋိပက္ခကို ဘယ်နည်းနဲ့ အဆုံးသတ်နိုင်မလဲ ဆိုတာကို ဆွေးနွေးဖို့ အမေရိကန်နဲ့ ဥရောပမဟာမိတ်နိုင်ငံတွေက ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

စနေနေ့က ရုရှားနဲ့ အရှေ့အလယ်ပိုင်းက ခေါင်းဆောင်တွေ ဆွစ်ဇာလန်နိုင်ငံမှာ တွေ့ဆုံခဲ့ပြီးတဲ့နောက် Aleppo မြို့ကို ဝိုင်းရံထားတဲ့အတွက် ဆီးရီးယားနဲ့ ရုရှားကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်လာဖွယ်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တနင်္ဂနွေနေ့မှာ သတိပေးလိုက်ပါတယ်။

သူပုန်ထိန်းချုပ်နယ်မြေ Aleppo အရှေ့ပိုင်းကို အလွန်ပြင်းထန်ပြီး အရမ်းကာရော ဗုံးတွေကြဲချခဲ့မှုတွေကို ဆီးရီးယားသမ္မတ Bashar al-Assad နဲ့ သူ့ရဲ့မဟာမိတ် ရုရှားတို့ရဲ့လက်ချက်လို့ အမေရိကန်ပြည်ထောင်စုနဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေက စွပ်စွဲ ပြောဆိုလိုက်ပြီး ဒါဟာ လူသားမျိုးနွယ် ဆန့်ကျင်တဲ့ ရာဇ၀တ်မှုလို့ ဝန်ကြီးကယ်ရီက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ