လမ်းမတော်မြို့နယ်ရှိ အမှိုက်ပုံအတွင်း ကျည် ၂၄၂တောင့် စွန့်ပစ်သော အမျိုးသားနှစ်ဦးကို လက်နက်ဥပဒေပုဒ်မနှင့် အမှုဖွင့် စစ်ဆေး

ထင်းရူးသေတ္တာအဟောင်းအတွင်း ၉ မမ ကျည်အမျိုးစား ၂၄၂ နှစ်ထောင့်အားတွေ့ရစဉ်(ဓာတ်ပုံ- Thein Zaw)
    ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

    ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ အမှိုက်ပုံအတွင်း ကျည် ၂၄၂ တောင့်အား လာရောက် စွန့်ပစ်သော အမျိုးသားနှစ်ဦးကို လက်နက်ဥပဒေ ပုဒ်မနှင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း လမ်းမတော်ရဲစခန်းထံမှ သိရသည်။

အဆိုပါ ကျည်တောင့်များအား လာရောက်ပစ်သော အမျိုးသားနှစ်ဦးကို (ပ)၁၄၅/ ၁၆ လက်နက်ဥပဒေပုဒ်မ ၁၉ (စ)နှင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။

လမ်းမတော်မြို့နယ် အမှတ် ၃ ရပ်ကွက် အနော်ရထာလမ်းမကြီးဘေးရှိ မြို့နယ် ကျန်းမာရေးဌာန အနီးအနားရှိ အမှိုက်ပုံတွင် အောက်တိုဘာ ၁၂ ရက်နေ့ မနက် ၉ နာရီကျော်ကျော်လောက်က သစ်သားသေတ္တာတစ်လုံးကို စည်ပင်ဝန်ထမ်းမှ စတင်တွေ့ရှိခဲ့ပြီး ယင်းထင်းရူးသေတ္တာအဟောင်းအတွင်း ၉ မမ ကျည်အမျိုးစား ၂၄၂ နှစ်ထောင့်၊ ဆိုင်ကယ် ဦးထုပ်နှစ်ခု ၊ လျှပ်စစ် ကြွေမီးပူ တစ်ခုနှင့် ဓါတ်မီးတစ်ခုအား တွေ့ရသည်။

(Xinhua)
http://www.xinhuamyanmar.com
လမ်းမတော်မြို့နယ်ရှိ အမှိုက်ပုံအတွင်း ကျည် ၂၄၂တောင့် စွန့်ပစ်သော အမျိုးသားနှစ်ဦးကို လက်နက်ဥပဒေပုဒ်မနှင့် အမှုဖွင့် စစ်ဆေး လမ်းမတော်မြို့နယ်ရှိ အမှိုက်ပုံအတွင်း ကျည် ၂၄၂တောင့် စွန့်ပစ်သော အမျိုးသားနှစ်ဦးကို လက်နက်ဥပဒေပုဒ်မနှင့် အမှုဖွင့် စစ်ဆေး Reviewed by THITHTOOLWIN on 17:49 Rating: 5
Powered by Blogger.