ဆေးကုသင်္ဘော စတင်ရေချသည့် အခမ်းအနားအပြီး နာရီပိုင်းအတွင်း ဆန်တင်စက်လှေဖြင့် တိုက်မိ


ပုသိမ်။ အောက်တိုဘာ ၂၈။

ဧရာဝတီတိုင်းဒေသကြီး အတွင်းသွားလာရေးခက်ခဲသည့် ဒေသများတွင် သွားရောက်ဆေး ကုသပေးရန် ရည်ရွယ်သည့် SWIMMING DOCTORS 3 သည် အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက ပုသိမ်မြို့တွင် စတင်ရေချခဲ့ပြီး နာရီပိုင်းအကြာတွင် ဆန်တင်စက်လှေ တစ်စီးအားဝင်ရောက် တိုက်မိမှုဖြစ်ပွါး ခဲ့ကြောင်း သတင်းရရှိသည်။

SWIMMING DOCTORS 3 သည် မနက် ၈း၃၀ နာရီအချိန်က ပုသိမ်မြို့ မေတ္တာဦးဘောတံတားတွင် ရေချသည့် အခမ်းအနားအပြီး ခုတ်မောင်းထွက်ခွါလာခဲ့ရာမှ ပုသိမ်မြို့အထွက်တွင် အောင်တံခွန်ဆန်စက်မှ ဆန်အိတ်များ တင်ဆောင်လာသည့် စက်လှေဖြင့် ဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများ ထံမှသိရသည်။

`မျိုးချစ်ဆန်စက်နားက ကွေ့မှာ စက်လှေက ဘွားကနဲတွေ့လို့ ဟွန်းပေးတယ်။ဘက်ဆွဲပေမယ့် မရတော့ပဲ တိုက်မိတာ´ဟု SWIMMING DOCTORS 3 ရေယာဉ်မှုး ဦးစိုးမြင့်က ပြောသည်။

တိုက်မိပြီးသည့် နောက်စက်လှေနစ်မြုပ် ခဲ့သော်လည်း စက်လှေပေါ်ပါလာသည့် လူ ၁၁ မှာ ထိခိုက်ဒါဏ်ရာ မရရှိအောင်ကယ်တင်နိုင်ခဲ့သော်လည်း တင်ဆောင်လာသည့် ဆန်အိတ် ၁၆၉ အိတ် မှာဆုံးရှုံးခဲ့ပြီး နေ့လည် ၂ နာရီ အထိ ဆန်အိတ် ၃၀ သာရေစို လျှက်ပြန်လည် ရရှိကာဖြစ်စဉ်အား ပုသိမ်နယ်မြေရဲစခန်း မှ ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

photo - The Ayeyarwaddy Times
Ayeyarwaddy Times
https://www.facebook.com/ayetimes
ဆေးကုသင်္ဘော စတင်ရေချသည့် အခမ်းအနားအပြီး နာရီပိုင်းအတွင်း ဆန်တင်စက်လှေဖြင့် တိုက်မိ ဆေးကုသင်္ဘော စတင်ရေချသည့် အခမ်းအနားအပြီး နာရီပိုင်းအတွင်း ဆန်တင်စက်လှေဖြင့် တိုက်မိ Reviewed by THITHTOOLWIN on 18:56 Rating: 5
Powered by Blogger.