နောင်ချိုမြို့ နယ်မှာ တံတားတိုက်မိတဲ့ယာဉ် ချောင်းထဲသို့ထိုးကျပြီး လူ သေဆုံးမှုဖြစ်ပွား
နေပြည်တော်၊ အောက်တိုဘာ ၃၁
 ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သဲခေါ်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၆၄/၁-၂)ကြား သဲချောင်းတံတားပေါ်တွင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်၌ အရှိန်မထိန်းနိုင်သောယာဉ် ချောင်းထဲသို့ထိုးကျပြီး လူသေဆုံးမှုဖြစ်ပွား ခဲ့ကြောင်း သိရပါသည်။
 နောင်ချို မှ ပြင်ဦးလွင်ဘက်သို့ ချမ်းအေးသာစံမြို့နယ်၊ မဟာမြိုင်ရပ်နေ သန်းလွင်ဦး(၃၃)နှစ်မောင်းနှင်လာသည့် 4K/×××× VIGO ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တံတားယာဘက်ကွန်ကရစ်ဘောင်အား တိုက်မိကာ ချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
 ယာဉ်ပေါ်တွင်လိုက်ပါလာသော မောင်စိုးအုပ်မင်း(၄)နှစ်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဒေါ်မိုးမိုးလွင်(၃၄)နှစ်နှင့် မသော်တာလင်း(၁၁)လ တို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သဖြင့် ယာဉ်မောင်း သန်းလွင်ဦးအား နောင်ချိုမြို့မရဲစခန်းယာဉ်(ပ)၅၁/၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်း ထုတ်ပြန်ချက် အရသိရပါသည်။
by သစ်ထူးလွင်
Powered by Blogger.