အမြန်လမ်းမကြီးတွင် နေကြာ Express နွားတိုက်မိပြီး ဝေဖြိုးအောင် Express တံတားတိုက်မိ

 အမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား
နေပြည်တော် အောက်တိုဘာ ၂၅

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ပေပင်လေးအမြန်လမ်းရဲစခန်းအပိုင် မိုင်တိုင် အမှတ် ၂၅၆/၂ နှင့် ၂၅၆/၃ ကြား ရန်ကုန်မှ တောင်ကြီးသို့ ယာဉ်မောင်း ချစ်နိုင်မောင်းနှင်လာသော ဝေဖြိုးအောင် Express ခရီးသည်ယာဉ်သည် အောက်တို ဘာ ၂၅ ရက် နံနက်၁၂ နာရီ ၁၅ မိနစ်ခန့်တွင် အရှိန်မထိမ်းနိုင်ဘဲ လမ်းမယ်ကျွန်းဘာရီ တုံးနှင့် တံတားဘောင်အား တိုက်မိပြီး လမ်းမပေါ်သို့ တိမ်းမှောက်ခဲ့သည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါခရီးသည် (၃၆)ဦးအနက် ယာဉ်မောင်းချစ်နိုင်မှာ ယာ ဘက်လက်မောင်းရိုးကျိုးပြီး ၀ဲဘက်လက်ဖျံ ဖူးရောင် ဒဏ်ရာရရှိပြီး ကျန်ခရီးသည်(၃)ဦး မှာလည်း ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သည်။
ယာဉ် တိမ်းမှောက်မှုကြောင့် ဝေဖြိုးအောင် Express ယာဉ်မှာ ရှေ့မှန်ကွဲ၊ ခေါင်းပိုင်းပိန်ချိုင့်၊ ကိုယ်ထည်ယာပိန်ချိုင့် ပျက်စီးခဲ့သည်။ သို့ပါ၍ ယာဉ်မောင်း ချစ်နိုင်အား ယာဉ်အားမဆင်မခြင်ပေါ့ဆစွာ မောင်းနှင်မှုဖြင့် ပေပင်လေးရဲစခန်းမှ ယာဉ်(ပ)၆၂/၂၀၁၆ ရာဇသတ်ကြီး ပုဒ် မ ၃၃၇/၃၃၈ အရအမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

အလားတူ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ပြင်စည် အမြန်လမ်းမကြီးရဲ စခန်းပိုင် မိုင်တိုင်အမှတ် ၃၂၀/၁ နှင့် ၃၂၀/၂ ကြား၌ ရန်ကုန်မှ မန္တလေးသို့ ယာဉ်မောင်း ဦးဥာဏ်ထွန်းအောင် မောင်းနှင်လာသော နေကြာ Express ခရီးသည်တင်ယာဉ်မှာ ယမန်နေ့ညနေ ၅ နာရီခွဲခန့်က အမြန်လမ်းအနောက်ဘက်ခြမ်းမှ အရှေ့ဘက်ခြမ်းသို့ ဖြတ်ပြေးသည့် နွားမတစ်ကောင်းအားတိုက်မိရပ်တန့်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် နေကြာ Express ယာဉ်မှာ ရှေ့လေကာမှန် ကွဲပြီး (၅)သိန်းခန့် ပျက်စီးသွားပြီး ယာဉ်ပေါ်ကျပ် ယာဉ်မောင်းပါ အမျိုးသား(၁၅)ဦး၊ အမျိုးသမီး (၂၃)ဦး စုစုပေါင်း (၃၈)ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိခြေ။ ကျွဲနွား တိရိစ္ဆာန် များ အမြန်လမ်းပေါ် တက်ရောက်ခွင့် မရှိခြင်းဖြစ်၍ အမြန်လမ်းဘေးတွင် နွားလွှတ် ကျောင်းသော မအေးအေးမြင့်အား အမြန်လမ်းများ ဥပဒေပုဒ်မ ၁၈ အရအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သန်းဦး(လေးမျက်နှာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အမြန်လမ်းမကြီးတွင် နေကြာ Express နွားတိုက်မိပြီး ဝေဖြိုးအောင် Express တံတားတိုက်မိ  အမြန်လမ်းမကြီးတွင် နေကြာ Express နွားတိုက်မိပြီး ဝေဖြိုးအောင် Express တံတားတိုက်မိ Reviewed by THITHTOOLWIN on 18:14 Rating: 5
Powered by Blogger.