မောင်တောတွင် ပိတ်မိနေသော ဆရာ/မများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို တပ်မတော်လေယဉ်ဖြင့်ပြောင်းရွေ့ ပေး


ရခိုင်ဂေဇက် ၊ အောက်တိုဘာ ၁၃

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ကျေးရွာများတွင် ပိတ်မိနေသော ဆရာ/မများနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများကို တပ်မတော်လေယဉ်ဖြင့် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင်း ဘူသီးတောင်မြို့ပေါ်သို့ ပြောင်းရွေ့ပေးနေ ပြီး ဖြစ်ကြောင်း မောင်တောမြို့နယ် ပညာရေးမှူး ဦး ခင်အောင်က ပြောသည်။

လက်ရှိအချိန်တွင် တောင်ပြိုလက်ဝဲတွင် စုရပ်အဖြစ်ရောက် ရှိနေသော ဆရာ/မ များနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများကို တပ်မတော်လေယဉ် ၂ စီးဖြင့် ပြောင်းရွေ့ ပေးနေပြီး ဖြစ်ကြောင်း ၄င်းက ဆိုသည်။
" တောင်ပြိုမှာ ရှိနေတဲ့ ဆရာ/ မတွေကို အခု တပ်မတော်လေယဉ်နဲ့ ပြောင်းရွေ့ပေးနေပါပြီး ။ လေယဉ် ၂ စီးနဲ့ ပြောင်းရွေ့ပေးနေတာပါ ။ ၂ ကြိမ် ရောက်ပါပြီး ။ တခြားဝန်ထမ်းတွေလည်း ပါပါတယ်။ လူအင်အားကတော့ ၁၀၀ လောက်ရောက်နေပါပြီ ။ သူတို့ကို ဘူးသီးတောင်မှာ ချပေးပြီး အမြန်ယာဉ်နဲ့ တခါတည်း စစ်တွေကို ပို့နေပါပြီ " ဟု ဦးခင်အောင်က ပြောသည်။


မောင်တောခရိုင်အတွင်း ယင်းသို့ ကျေးရွာများတွင် ပိတ်မိနေသော ဆရာများသည် တောင်ပြို ၊ ငခူရ ၊ ခမောင်းဆိပ် ၊ တမန်းသား ၊ ရွက်ညိုတောင် စသည့်ဖြင့် စုရပ် အဖြစ် ၄င်းကျေးရွာများသို့ ရောက်ရှိနေကြောင်း ၊ မြို့နယ် ပညာရေးမှူး၏ စာရင်းအရာ ဆရာ/မ အင်အား ၁၇၀ ကျော်ရှိကြောင်း သိရသည်။

အဆိုပါ မောင်တောခရိုင်အတွင်း ဒေသခံ ရခိုင်တိုင်းရင်းသားကျေးရွားသားများသည်လည်း ယနေ့ နံနက်ပိုင်းက မောင်တောနှင့် ဘူးသီးတောင်မြို့ပေါ်သို့ ၀င်ရောက် ခိုလှုံလာမှုများ ရှိပြီး နယ်မြေအခြေအနေမှာ တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းရေးများကို လုပ်ဆောင်လျှက်ရှိပြီး ယနေ့ နံနက်ပိုင်းကကြိမ်းချောင်း စခန်းအနီး ကြက်ရိုးပြင် ကျေးရွာတွင် ပစ်ခတ်မှု အနည်းငယ် ဖြစ်ပွားမှု ရှိကြောင်း ဒေသခံများထံမှ သိရသည်။

Photo-ရိုးသားမှုရိုးသားမူက ငါ့ဗီဇ
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
မောင်တောတွင် ပိတ်မိနေသော ဆရာ/မများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို တပ်မတော်လေယဉ်ဖြင့်ပြောင်းရွေ့ ပေး မောင်တောတွင် ပိတ်မိနေသော ဆရာ/မများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို တပ်မတော်လေယဉ်ဖြင့်ပြောင်းရွေ့ ပေး Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.